အီဒလစ်ပြည်နယ်က သူပုန်စခန်းကို ဆီးရီးယားအစိုးရ တိုက်ခိုက်

ဆီးရီးယားအစိုးရတပ်တွေဟာ အစ်ဒလစ်ပြည်နယ်မှာရှိတဲ့  သူပုန်တွေရဲ့ အခိုင်အမာစခန်းကို ပြန်သိမ်းဖို့ ဖေဖော်ဝါရီ ၆ ရက်မှာ  တိုက်ပွဲဆင်နွှဲနေပါတယ်။   အစိုးရတပ်တွေဟာ တူရကီအမြောက်တရစပ် ပစ်ခတ်တာတွေကို ရှောင်ပြီး အစ်ဒလစ် ပြည်နယ်အနောက်မြောက်ပိုင်းက ဆာရာကတ်မြို့ကို ပြန်သိမ်းဖို့လုပ်နေတယ်လို့ မျက်မြင်တွေက ပြောကြားပါတယ်။  ဖေဖော်ဝါရီ ၆ ရက်က ဆာရာကတ်မြို့အနီးမှာရှိတဲ့ သူပုန်ပစ်မှတ်တွေကို အစိုးရတပ်တင့်ကားတွေက ပစ်ခတ်နေတာ တွေ့ရပါတယ်။  သမ္မတ အာဆက်အစိုးရ ထိုးစစ်ကြောင့် ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း အရပ်သား အများ အပြား တူရကီနယ်စပ်ကို ထွက်ပြေးခဲ့ရသလို ဆီးရီးယားနဲ့ တူရကီ စစ်ရေးအရ ထိပ်တိုက်တွေ့မယ့် အန္တရာယ်လည်း ရှိနေပါတယ်။  ဒီတိုက်ခိုက်မှုဟာ ဆီးရီးယားပြည်တွင်းစစ်မှာ ဆန့်ကျင်ဘက် အုပ်စုနှစ်ခုကို ထောက်ခံနေတဲ့ တူရကီနဲ့ရုရှားကြားက ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေပြီး နောက်ပိုင်း နှစ်နိုင်ငံပူးပေါင်းမှုနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ဖြစ်ပေါ်စေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up