ဒဂုံမြောက်ပိုင်း CB ဘဏ်တွင် ဓားပြတိုက်မှု ဖြစ်ပွား
DVB
·
February 7, 2020
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပင်လုံလမ်းမှာရှိတဲ့ စီဘီဘဏ်မှာ ဒီနေ့ မနက်က ဓားမြတိုက်မှု ဖြစ်ပွားပါတယ်။
ဘဏ်ဖွင့်ချိန်မှာ ဘဏ်လုံခြုံရေးဝန်ထမ်းကို လူ ၂ ဦးက သေနတ်လို့ ယူဆရတဲ့ အရာနဲ့ ချိန်ကာ ဘဏ်ထဲကိုဝင်ရောက်လာပြီး ကျပ်သိန်း ၆၀၀ ကို ယူဆောင်သွားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
ဓားပြတိုက်သူ ၂ ဦးဟာ ဘဏ်ထဲမှာ ချိန်ကိုက်မိုင်းလို့ ယူဆရတဲ့ အရာတခုကိုလည်းထားရှိခဲ့ ပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေက မိုင်းကို ရှင်းလင်းရာမှာ တကယ့်မိုင်းအစစ်မဟုတ်ဘူးလို့လည်း သိရပါတယ်။ အဆိုပါ ဓားပြမှုကို ရဲတပ်ဖွဲ့ကတော့ တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။