Home
မြန်မာသတင်း
ဒဂုံမြောက်ပိုင်း CB ဘဏ်တွင် ဓားပြတိုက်မှု ဖြစ်ပွား
DVB
·
February 7, 2020
83904876_792060321280850_2948968272495640576_n
85124254_520460692185495_2321141605412634624_o
85106045_792060257947523_3175287970680799232_n
84539911_792060294614186_8829118507510661120_n
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပင်လုံလမ်းမှာရှိတဲ့ စီဘီဘဏ်မှာ ဒီနေ့ မနက်က ဓားမြတိုက်မှု ဖြစ်ပွားပါတယ်။ ဘဏ်ဖွင့်ချိန်မှာ ဘဏ်လုံခြုံရေးဝန်ထမ်းကို လူ ၂ ဦးက သေနတ်လို့ ယူဆရတဲ့ အရာနဲ့ ချိန်ကာ ဘဏ်ထဲကိုဝင်ရောက်လာပြီး ကျပ်သိန်း ၆၀၀ ကို ယူဆောင်သွားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။  ဓားပြတိုက်သူ ၂ ဦးဟာ ဘဏ်ထဲမှာ ချိန်ကိုက်မိုင်းလို့ ယူဆရတဲ့ အရာတခုကိုလည်းထားရှိခဲ့ ပါတယ်။  လုံခြုံရေးတပ်ဖွဲ့တွေက မိုင်းကို ရှင်းလင်းရာမှာ တကယ့်မိုင်းအစစ်မဟုတ်ဘူးလို့လည်း သိရပါတယ်။ အဆိုပါ ဓားပြမှုကို ရဲတပ်ဖွဲ့ကတော့ တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024