ဝူဟန်မြို့က တရုတ်နိုင်ငံသား ၅ ဦးကို တွေ့ရှိပါက အကြောင်းကြားရန် တရုတ်က စာပို့ထား
DVB
·
February 7, 2020
ဝူဟန်မြို့က တရုတ်နိုင်ငံသား ၅ ဦးဟာ ရွှေလီမြို့ကနေ မူဆယ်မြို့ကို ရောက်ရှိနေတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ ကြိုတင်ကာကွယ်နိုင်ဖို့ တရုတ်နိုင်ငံ ရွှေလီမြို့ တရုတ်-မြန်မာ ပူးတွဲ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့က အကြောင်းကြားထားပါတယ်။
အဆိုပါတရုတ်နိုင်ငံသား ၅ ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း သံသယရှိတဲ့ အတွက် အခုလို အကြောင်းကြားထားတာပါ။
အဲ့ဒီတရုတ်နိုင်ငံသားတွေဟာ မူဆယ်ကိုရောက်ရှိနေပြီး ကူညီစုံစမ်းထိန်းသိမ်းပေးဖို့နဲ့ တွေ့ရှိရင်တရုတ်နိုင်ငံဘက်ကို အကြောင်းကြားပေးဖို့ ဓာတ်ပုံတွေနဲ့အတူ ပေးပို့ထားပါတယ်။