ပြစ်တင်စွပ်စွဲခံရမှုမှ သမ္မတ ထရမ့် တရားသေလွတ်

အမေရိကန်အထက်လွှတ်တော်က သမ္မတဒေါ်နယ်ထရမ့်အား ပြစ်တင်စွပ်စွဲမှုကနေ ဖေဖော်ဝါရီ ၅  ရက်မှာ တရားသေလွှတ်ပေးလိုက်ပါတယ်။ ဒီမိုကရက်တွေက ရီပတ်ဘလီကန် သမ္မတထရမ့်ကို အာဏာအလွဲသုံးမှု၊ ကွန်ဂရက်အား တားဆီးမှု စွဲချက်နှစ်ခုနဲ့  အထက်လွှတ်တော်မှာ ပြစ်တင်စွပ်စွဲထားတာပါ။  အဲဒီအတွက် ရီပတ်ဘလီကန်ကြီးစိုးတဲ့ အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာတော့ ပထမစွဲချက် အာဏာအလွဲသုံးမှုကို တရားသေလွှတ်ဖို့  ၅၂ မဲ ၄၈ မဲ နဲ့ ထောက်ခံခဲ့ပါတယ်။  ရီပတ်ဘလီကန် တယောက်ဖြစ်တဲ့ မစ်ရွန်မေက ဒီမိုကရက်တွေနဲ့ ပူးပေါင်းပြီး သမ္မတ ထရမ့်ကို စွဲချက်တင်ဖို့  ထောက်ခံခဲ့ပါတယ်။  သမ္မတ ထရမ့်ကို တရားသေလွှတ်ဖို့ကို ဒီမိုကရက်တဦးတယောက်ကမှ ထောက်ခံမဲ မပေးခဲ့ပါဘူး။  အမေရိကန်အထက်လွှတ်တော်မှာ အမတ်နေရာ ၁၀၀ ရှိပြီး ရီပတ်ဘလီကန် သမ္မတ ထရမ့်ကို ရာထူးက ဖယ်ရှားဖို့ဆိုရင် မဲအရေအတွက် သုံးပုံ နှစ်ပုံ လိုအပ်ပါတယ်။  အထက်လွှတ်တော်မှာ ရီပတ်ဘလီကန် အမတ် ၅၃ ယောက်ရှိပြီး ရီပတ်ဘလီကန် မဲအရေအတွက်နဲ့ သမ္မတ ထရမ့်ကို တရားသေလွှတ်ပေးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up