Home
မြန်မာသတင်း
ပျဉ်းမနားနှင့် ပေါက်မြို့အနီး မြေငလျင်လှုပ်
DVB
·
February 5, 2020
84655235_1544540232367716_5252216747800395776_n
84655235_1544540232367716_5252216747800395776_n
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့အနီးမှာ  ပြင်းအား အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ဖေ‌ဖော်ဝါရီ ၅ ရက် မြန်မာစံတော်ချိန် (၀၀)နာရီ၊ ၅၆ မိနစ်၊  ၂၃ စက္ကန့်အချိန်မှာ ညောင်ဉီးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၄၇ မိုင် ခန့်ကွာဝေးသော မြန်မာပြည်တွင်း ပေါက်မြို့ရဲ့ မြောက်-အရှေ့မြောက်ဘက် ၁၈ မိုင်အကွာ အနက် ၄၆ ကီလိုမီတာ လောက်ကို ဗဟိုပြုပြီး မြေငလျင်လှုပ်သွားလို့  မိုးဇလ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ အလားတူ ဖေ‌ဖော်ဝါရီ ၄ ရက် မြန်မာစံတော်ချိန်  ၂၀ နာရီ၊ ၄၀ မိနစ်၊ ၂၄ စက္ကန့်အချိန်က နေပြည်တော်မြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက်  ၁၁ မိုင် ခန့်ကွာဝေးတဲ့ ပျဉ်းမနားမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ၁၅ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်) တာစကေး ၄ ဒသမ ၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်သွားတယ်လို့လည်း မိုးဇလက ထုတ်ပြန်ပါတယ်။ ဓာတ်ပုံ-DMH
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024