ပျဉ်းမနားနှင့် ပေါက်မြို့အနီး မြေငလျင်လှုပ်
DVB
·
February 5, 2020
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့အနီးမှာ ပြင်းအား အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၅ ရက် မြန်မာစံတော်ချိန် (၀၀)နာရီ၊ ၅၆ မိနစ်၊ ၂၃ စက္ကန့်အချိန်မှာ ညောင်ဉီးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၄၇ မိုင် ခန့်ကွာဝေးသော မြန်မာပြည်တွင်း ပေါက်မြို့ရဲ့ မြောက်-အရှေ့မြောက်ဘက် ၁၈ မိုင်အကွာ အနက် ၄၆ ကီလိုမီတာ လောက်ကို ဗဟိုပြုပြီး မြေငလျင်လှုပ်သွားလို့ မိုးဇလ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
အလားတူ ဖေဖော်ဝါရီ ၄ ရက် မြန်မာစံတော်ချိန် ၂၀ နာရီ၊ ၄၀ မိနစ်၊ ၂၄ စက္ကန့်အချိန်က နေပြည်တော်မြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် ၁၁ မိုင် ခန့်ကွာဝေးတဲ့ ပျဉ်းမနားမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ၁၅ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်) တာစကေး ၄ ဒသမ ၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်သွားတယ်လို့လည်း မိုးဇလက ထုတ်ပြန်ပါတယ်။
ဓာတ်ပုံ-DMH