Home
မြန်မာသတင်း
ညောင်ဦးအမှိုက်ပုံ နေရာပြောင်းရွှေ့ပေးရန် ဒေသခံများ ဆန္ဒထုတ်ဖော်
DVB
·
February 3, 2020
84179941_2573850579525018_8632955853474889728_o
83944479_2573850052858404_2141821244721332224_o
83701102_2573849609525115_1611329450077585408_o
83518197_2573850289525047_4363313432703795200_o
83495915_2573849852858424_7634442666586931200_o
83278207_2573850756191667_8400657251576053760_o
မန္တလေးတိုင်း ညောင်ဦးမြို့ အမှတ် ၁ သီရိမင်္ဂလာရပ်ကွက်ထိပ်ရှိ စည်ပင်အမှိုက်ပုံ ပြောင်းရွှေ့ပေးဖို့ ဒေသခံအင်အား ၃၀၀ ကျော်လောက်က ဖေဖော်ဝါရီ ၂ ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်သူ ဦးဝင်းကိုမြင့်က “ကျနော်တို့ ဆန္ဒဖော်ထုတ်ရတာက ခံစားချက် သုံးချက်ရှိတယ်။ ပထမက ကျနော်တို့ ကျန်းမာရေးပေါ့၊ သက်ကြီးသက်ငယ် လူကြီး လူငယ်လူလတ်အကုန် ဒါကြီးက နေ့စဉ်နဲ့အမျှ ရှူရှိူက်နေရတာ။ ဒုတိယအချက်က ဘာလဲဆိုရင် မီးရေးပေါ့။ နွေရာသီမှာဆိုရင် မီးသတ်ကားလည်း တက်ငြှိမ်းရတယ်၊ ရပ်ကွက်ပြည်သူလည်း တက်ငြှိမ်းရတယ်၊ အန္တရာယ်အရမ်းများတယ်။ လူနေအိမ်တွေနဲ့လည်း ကပ်နေတယ်။ တတိယ အချက်က ကျနော်တို့ ပုဂံဒေသကို ယူနက်စကိုကလည်း အသိအမှတ်ပြုထားတာ ဆိုင်းဘုတ်မှ အားမနာ အမှိုက်တွေ ပရမ်းပတာပစ်ထားတာ လုံးဝနိုင်ငံခြားသားခရီးသွားတွေနဲ့ အဆင်မသင့်လို့ ခုလိုလုပ်ရတာ၊ ဆန္ဒဖော်ထုတ်မှုအပေါ် ဆောင်ရွက်မပေးဘူး ဆိုရင်တော့ ရပ်ကွက်နေပြည်သူကနေ လုပ်သင့်လုပ်ထိုက်တာ ဆက်လုပ်သွားမယ်” လို့ ပြောပါတယ်။ ဆန္ဒထုတ်ဖော်မှုကို ညောင်ဦးမြို့ အမှတ် ၁ ရပ်ကွက် လမ်းမတော်လမ်းအတိုင်း ညောင်ပင်သာအဝိုင်းမှ ဘုရားနီလမ်းဆုံမှတဆင့် ညောင်ဦး-ကျောက်ပန်းတောင်းလမ်းကနေ မိုးကုတ်ရိပ်သာလမ်း သိရိမင်္ဂလာ ဓမ္မာရုံအထိ စီတန်းလှည့်လည်ခဲ့ကြပါတယ်။  ဆန္ဒပြသူတွေက ရပ်ကွက်သူ ရပ်ကွက်သားတွေက ကျန်းမာရေး ဦးစာပေးရေး၊ ရေပုပ်ရေဆိုး စွန့်ပစ်ရေး၊ ရပ်ကွက်မှာ အမှိုက်မီးရှို့စက် တည်ဆောက်ပေးရေး၊ အမှိုက်ညှော်နံ့ ကင်ဆင်ရေးနဲ့ ရပ်ကွက်ထိပ် စည်ပင်အမှိုက်ပုံ ပြောင်းရွှေ့ပေးရေး စတဲ့  ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။ သတင်း- ကိုလင်း(ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024