Home
မြန်မာသတင်း
သွေးချင်းတို့ရဲ့ ပွဲတော် ကျိုက္ကဆံအားကစားကွင်းတွင် ကျင်းပ
သူဇာလင်း
·
February 1, 2020
Blood Brothers Festival 13
Blood Brothers Festival 12
Blood Brothers Festival 11
Blood Brothers Festival 10
Blood Brothers Festival 9
Blood Brothers Festival 8
Blood Brothers Festival 7
Blood Brothers Festival 6
Blood Brothers Festival 06
Blood Brothers Festival 5
Blood Brothers Festival 4
Blood Brothers Festival 3
Blood Brothers Festival 1
Blood Brothers Festival 2
တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးဖို့နဲ့ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာစေဖို့ ရည်ရွယ်ကျင်းပတဲ့ သွေးချင်းတို့ရဲ့ပွဲတော်ဆီ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက်က ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်းမှာ ကျင်းပခဲ့ပါတယ်။  ကယားပြည်နယ်က ဦးဆောင်ပြီး ဒုတိယအကြိမ်ကျင်းပတဲ့ သွေးချင်းတို့ပွဲတော်ဆီ ပွဲတော်ကို ပြည်နယ် ၈ ခုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၆ ခုက တိုင်းရင်းသားစီးပွားရေး လုပ်ငန်းရှင်တွေက ပူးပေါင်းကျင်းပတာပါ။ ဒီပွဲကို ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တက်ရောက်ခဲ့ပါတယ်။ ၇ ရက်အကြာကျင်းပမယ့် အဲဒီပွဲတော်မှာတော့ တိုင်းရင်းသားတွေရဲ့ ရိုးရားယဉ်ကျေးမှု အကအလှတွေကို လာရောက်လေ့လာနိုင်သလို တိုင်းရင်းသားတွေရဲ့အဝတ်အထည်နဲ့ အသုံး အဆောင်ပစ္စည်းတွေကိုလည်း ဝယ်ယူနိုင်မှာဖြစ်ပါတယ်။  ဒါ့အပြင် တိုင်းရင်းသားတွေရဲ့ ရိုးရာအစားအစာတွေကိုလည်း တနေရာတည်းမှာ လာရောက်စားသုံးနိုင်မှာဖြစ်ပြီး ဆိုင်ခန်းပေါင်း ၁၀၀၀ ကျော်နဲ့ ရောင်းချပေးနေပါတယ်။ ပွဲတော်ကာလအတွင်းမှာ ပြည်နယ်နဲ့တိုင်းကိုယ်စားပြု တိုင်းရင်းသားအလှမယ်တွေရဲ့ ယှဉ်ပြိုင်ပွဲတွေအပြင် နာမည်ကြီးအဆိုတော်တွေနဲ့ တိုင်းရင်းသားအဆိုတော်တွေရဲ့ ဖျော်ဖြေရေး အစီအစဉ်တွေကိုလည်း အခမဲ့ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024