ဟုမ္မလင်းမြို့တွင် အင်အား ၄ ဒသမ ၂ အဆင့်ရှိ မြေငလျင်လှုပ်

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့မှာ မနေ့က အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၂ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၂၉ ရက် မြန်မာစံတော်ချိန် ၂၀ နာရီ၊ ၁၃ မိနစ်၊ ၀၄ စက္ကန့် အချိန်က တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် မိုင် ၅၀ ခန့်ကွာဝေးတဲ့ ဟုမ္မလင်းမြို့ရဲ့ တောင်-အရှေ့တောင်ဘက် ၂၂ မိုင် ခန့်အကွာ အနက် ၁၁၄ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up