သမ္မတဦးသိန်းစိန် ဦးဆောင်သည့်အဖွဲ့ နော်ဝေအစိုးရနှင့် တွေ့မည်
အေးနိုင်
·
February 26, 2013
မြန်မာသမ္မတ ဦးသိန်းစိန်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဥရောပ ၅ နိုင်ငံခရီးစဉ်အစ အဖြစ် နော်ဝေနိုင်ငံကို ရောက်ရှိနေပါတယ်။
နော်ဝေ၊ ဖင်လန်၊ ဩစတြီးယား၊ ဘယ်လ်ဂျီယံနဲ့ အီတလီနိုင်ငံတွေကို သွားရောက်တာဖြစ်ပါတယ်။ ဒီခရီးစဉ်မှာလိုက်ပါသွားတဲ့ သမ္မတပြောခွင့်ရသူ ဦးရဲထွဋ်ကို နော်ဝေမှာ သမ္မတရဲ့ တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ်ကို မေးမြန်းထားပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။