Homeမြန်မာသတင်း
ပါတီတခုတည်း ထင်ရာစိုင်းမရအောင် ပါတီစုံဒီမိုကရေစီစနစ်ကို တောင်းဆိုခဲ့ဟု ဦးကိုကိုကြီးပြော
ပါတီတခုတည်း ထင်ရာစိုင်းမရအောင် ပါတီစုံဒီမိုကရေစီစနစ်ကို တောင်းဆိုခဲ့ဟု ဦးကိုကိုကြီးပြော
DVB
·
January 27, 2020
ပါတီတပါတီတည်း ထင်ရာစိုင်း မရအောင်လို့ ပါတီစုံဒီမိုကရေစီစနစ်ကို တောင်းဆိုခဲ့တာ လို့ ပြည်သူ့ပါတီ (ဗဟို) ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။
ဇန်နဝါရီ ၂၆ ရက်က မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့မှာ ပြည်သူ့ပါတီရုံးဖွင့်ပွဲမှာ ပြောသွားတာဖြစ်ပါတယ်။
ပြည်သူ့ပါတီ (ဗဟို) ဥက္ကဋ္ဌ ဦးကိုကိုကြီးက “ပါတီစုံဒီမိုကရေစီစနစ်ကိုတောင်းဆိုခဲ့တာ တစ်ပါတီထဲ ထင်ရာစိုင်းလို့မရအောင် အပြန်အလှန် ထိန်းကြောင်းတဲ့ ထိန်းညှိတဲ့စနစ်တစ်ရပ်ပေါ်ပေါက်လာအောင် တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့်မလို့လည်း ပြည်သူ့ပါတီအနေနဲ့ နိုင်ငံတော်အတွက် အကျိုးရှိတဲ့ကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့၊ ထောက်ခံဖို့ ကျနော်တို့အအဆင်သင့်ရှိသလို၊ အားနည်းချက်တွေ လိုအပ်ချက်တွေ ရှိရင်လည်း ထောက်ပြတာ ဝေဖန်တာ ဆောက်ရွက်နိုင်ဖို့အတွက် ပါတီစုံ ဒီမိုကရေစီစနစ် အားကောင်းအောင် ကျိုးပမ်းဆောင်ရွက်နေတာ” လို့ ပြောပါတယ်။
ပြည်သူ့ပါတီ တရားဝင်မှတ်ပုံတင်ကျခဲ့တာ တနှစ်ကျော်သာရှိသေးပေမယ့် တိုင်းနဲ့ပြည်နယ်၊ မြို့နယ်တွေမှာ ရုံးပေါင်း ၆၀ လောက်နဲ့ ရပ်ကွက် ကျေးရွာ ၂၀၀ ကျော်လောက် ပါတီရုံးခန်းတွေ ဖွင့်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
ပြည်သူ့ပါတီကို ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင်တချို့ ဦးဆောင်ပြီး တည်ထောင်ထားတာဖြစ်ပါတယ်။
သတင်း- တင်ရွှေ(မင်းဘူး)