Home
မြန်မာသတင်း
လွှတ်တော်သက်တမ်း ၄ နှစ်အတွင်း ဥပဒေပေါင်း ၁၂၅ ခု ပြဋ္ဌာန်းနိုင်ခဲ့ 
DVB
·
January 25, 2020
iamabill_bill_track_rp_2412020-3
iamabill_bill_track_rp_2412020-4
လက်ရှိ လွှတ်တော်သက်တမ်း ၄ နှစ်အတွင်းမှာ ပြည်ထောင်စုအဆင့် ဥပဒေပေါင်း ၁၂၅ ခု ပြဋ္ဌာန်းနိုင်ခဲ့တယ်လို့ လွှတ်တော် စောင့်ကြည့်ရေးအဖွဲ့တခုက ဆိုပါတယ်။ ငြိမ်းချမ်းမျှတ လူမှုဖွံ့ဖြိုးရေးအဖွဲ့က စီစဉ်နေတဲ့ I AM A BILL စီမံကိန်းကနေ အစီရင်ခံလိုက်တာပါ။ ဒုတိယအကြိမ် လွှတ်တော်သက်တမ်း စတဲ့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်အထိ ကာလမှာ လွှတ်တော်အသီးသီးကို ဥပဒေကြမ်းပေါင်း ၁၄၈ ခုတင်သွင်းလာခဲ့ ပြီး ၁၂၅ ခုကို အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့တာပါ။ တင်သွင်းခဲ့တာတွေထဲမှာ အသစ်ရေးဆွဲတာက ၇၉ ခုရှိတာကြောင့် အများဆုံးဖြစ်ပြီး ပြင်ဆင်တာက ၅၅ ခု၊ ရုပ်သိမ်းဖို့က ၁၄ ခုဖြစ်ပါတယ်။ ဥပဒေကြမ်းတင်သွင်းလာတာမှာတော့ အမျိုးသားလွှတ်တော်ကို ၆၂ ခု၊ ပြည်သူ့လွှတ်တော်ကို ၅၈ ခု၊ ပြည်ထောင်စုလွှတ်တော်ကို ၂၈ ခုဖြစ်ပါတယ်။ ရာဇသတ်ကြီးကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတို့ကို လွှတ်တော်ကိုယ်စားလှယ်တွေက တင်သွင်းခဲ့တာဖြစ်ပြီး လက်ခံ ဆွေးနွေးဖို့ မရှိဆိုပြီး လွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။ တင်သွင်းခဲ့သူတွေက ပြန်ပြီး ရုပ်သိမ်းသွားတဲ့ ဥပဒေကြမ်း ၇ ခုရှိပြီး ဒီထဲမှာ လွှတ်တော်ကော်မတီက တင်သွင်းလာတာ ၂ ခု၊ ဝန်ကြီးဌာနက တင်သွင်းလာတာ ၅ ခုဖြစ်ပါတယ်။ ဝန်ကြီးဌာနက တင်သွင်းလာတဲ့ ဥပဒေကြမ်းတွေထဲမှာ အစိုးရ အောင်ဘာလေထီဥပဒေကြမ်း၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတို့ပါဝင်ပါတယ်။ အိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေကြမ်း၊ အသေးစား ငွေရေးကြေးရေးဥပဒေကြမ်းနဲ့ ငြိမ်းစုစီဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းအပါအဝင် ဥပဒေကြမ်း ၁၄ ခုကတော့ ဆက်ပြီးဆွေးနွေးဖို့ ကျန်နေပါသေးတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024