Home
မြန်မာသတင်း
မင်းပြားမြို့အနီး အင်အား ၅ ဒသမ ၆ ရှိ မြေငလျင်လှုပ်ခတ်
ဝဏ္ဏခွာညို
·
January 24, 2020
83024798_980301168992557_2189800826896121856_n
ရခိုင်ပြည်နယ် မင်းပြားမြို့အနီးမှာ   ပြင်းအား ရစ်(ခ်)တာစကေး ၅ ဒသမ ၆ ရှိ အင်အား အသင့်အတင့်ရှိ မြေငလျင် မနေ့ညနေက လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၂၃ ရက် ညနေ ၄ နာရီ ၁၈ မိနစ် ၅ စက္ကန့် အချိန်မှာ စစ်တွေမြေငလျင်စခန်းမှ အရှေ့မြောက်ဘက်(၃၄)မိုင် ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း မင်းပြားမြို့ရဲ့ အရှေ့မြောက်ဘက် ၅ မိုင်ခန့်အကွာ အနက် ၇၇ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင် လှုပ်ရှားသွားတာလို့ဆိုပါတယ်။ ငလျင်လှုပ်ခတ်မှုကို ရခိုင်ပြည်နယ်အတွင်း စစ်တွေမြို့အပါအဝင် မြေပုံ၊ မင်းပြား၊ ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းစတဲ့ မြို့တွေမှာ သိရှိခံစားခဲ့ရတယ်လို့ ဒေသခံတွေပြောဆိုချက်အရ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024