Home
မြန်မာသတင်း
ရန်ကုန်-ကိုကိုးကျွန်း ရေကြောင်းခရီးစဉ် စတင်ပြေးဆွဲ
DVB
·
January 21, 2020
82944146_2867599659972756_6120131515499151360_o
82628377_2867599379972784_6458789656723980288_o
83010103_2867599709972751_1059461190884786176_o
83753768_2867599329972789_2007322187773509632_o
ရန်ကုန်-ကိုကိုးကျွန်း ရေကြောင်းခရီးစဉ် စတင်ပြေးဆွဲတဲ့ အခမ်းအနားကို ဒီနေ့ မနက်ပိုင်းက ရန်ကုန်မြို့ မြန်မာ့ကြယ်ငါးပွင့်လုပ်ငန်း၊ သာကေတဆိပ်ခံတံတားမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။   ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အစီအမံနဲ့ ရန်ကုန်-ကိုကိုးကျွန်း ရေကြောင်းခရီးစဉ် စတင်ခြင်း အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၊ နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့ပါတယ်။ ကိုကိုးကျွန်းကို အပျော်ခရီးသွားလာမှုမျိုး ခွင့်ပြုဦးမှာမဟုတ်ဘဲ ကိုကိုးကျွန်းဒေသခံတွေနဲ့ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေအတွက် ရည်ရွယ်ပြေးဆွဲတာလို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ “ကိုကိုးကျွန်းကို ကျနော်တို့ ရေကြောင်းခရီးပြေးဆွဲတဲ့ အဓိကရည်ရွယ်ချက်ဟာ ဒေသခံပြည်သူတွေနဲ့ ဒီဒေသမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိတဲ့သူတွေ အတွက်ပဲ ဖြစ်ပါတယ်။ ကိုကိုးကျွန်းဟာ မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ လုံခြုံရေးဧရိယာတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီလုံခြုံရေးဧရိယာကို အပျော်ခရီးသွားလာမှုမျိုးကို ခွင့်ပြုဦးမှာ မဟုတ်ပါဘူး။ ဒီခရီးစဉ်ကို ပြေးဆွဲတဲ့နေရာမှာ ကျနော်တို့ ရှုံးနိုင်တယ်။ ဘာကြောင့်လဲဆို ဒေသခံပြည်သူတွေရဲ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးကို ရှေးရှုပြီး ပြေးဆွဲပေးတာ ဖြစ်ပါတယ်” လို့ပြောပါတယ်။ ကိုကိုးကျွန်းခရီးစဉ်တခေါက်မှာ အသွား ၂ ရက်၊ နေထိုင်ဖို့ ၂ ရက်နဲ့ အပြန် ၂ ရက်အပါအဝင် ၆ ရက်ကြာမှာ ဖြစ်ပြီး သိန်း ၂၀၀  ကုန်ကျမှာ ဖြစ်ပါတယ်။  “ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ရဲ့ ရန်ပုံငွေထဲကနေ ကျခံပြီး သုံးစွဲပေးမှာ ဖြစ်ပါတယ်။ ဒီသုံးစွဲမှုဟာ အကျိုးအမြတ်တခုတည်းကို ရှေးရှုပြီး သုံးစွဲမှာ မဟုတ်ပါဘူး။ ဒေသခံပြည်သူတွေရဲ့ ဘဝနဲ့ ဌာနဆိုင်ရာအသီးသီးမှာ တာဝန်ယူနေတဲ့ ကျနော်တို့ရဲ့ ဝန်ထမ်းတွေကို အကောင်းဆုံး စီမံဆောင်ရွက်ပေးနိုင်ဖို့ အတွက်ပဲ ဖြစ်ပါတယ်”လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ရန်ကုန်-ကိုကိုးကျွန်း ရေကြောင်းခရီးစဉ်ကို လတစ်လရဲ့ ပထမအပတ်တိုင်းမှာ ပြေးဆွဲနိုင်ဖို့ ရည်မှန်းထားပြီး ကိုကိုးကျွန်းဒေသခံတွေရဲ့ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်များအား များစွာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။ ကိုကိုးကျွန်းမှာ ၂၄ နာရီ မီးရရှိနိုင်ရေးအတွက် ဆိုလာနဲ့ မီးပေးနိုင်ဖို့ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပြီး ဒေသထုတ်ကုန်တွေကို ရန်ကုန်သို့ တင်ပို့နိုင်မှာမယ့်အပြင် လိုအပ်တဲ့ စားသောက်ကုန်တွေကိုလည်း ရေကြောင်းခရီးလမ်းနဲ့ ဆောင်ရွက်နိုင်မယ်လို့ ဝန်ကြီးချုပ်က ဆက်လက်ပြောပါတယ်။ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ လူဝင်မှုကြီးကြပ်ရေးနှ င့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးမျိုးအောင်ဌေး၊ YRTA မှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။ ကိုးကား - YRG Info:
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024