အိပ်ခ်ျအာရ်ဒီပီကို အန်ဂျီအိုအဖြစ် ပြောင်းလဲဖွဲ့စည်း
အေးနိုင်
·
February 13, 2013

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးကွန်ရက်ကို ဖွဲ့စည်းလှုပ်ရှားကြသူတွေဟာ ဒီကနေ့အစည်းအဝေးကနေ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့အဖြစ် အမည်ပြောင်းလဲပြီး အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခု (အန်ဂျီအို) အဖြစ် မှတ်ပုံတင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒါနဲ့ပတ်သက်လို့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ရဲ့ ၁၃ ဦးပါ ဘုတ်အဖွဲ့ကိုလည်း ဖွဲ့စည်းပြီး ဘုတ်အဖွဲ့ဒါရိုက်တာအဖြစ် ဦးမြင့်အေးကို ရွေးချယ်တင်မြှောက်ပါတယ်။
လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦမြင့်အေးနဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။