Home
မြန်မာသတင်း
အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးနေ့ စစ်တွေမြို့တွင် ကျင်းပ
ဝဏ္ဏခွာညို
·
December 10, 2019
79392312_939825413040133_2394798671041396736_n
79011702_939825306373477_4384743640178622464_n
78915128_939825109706830_1949464180817920_n
78719423_939825129706828_8076240173932740608_n
78636173_939825283040146_5069418820808998912_n
ရခိုင်ပြည်နယ်တွင်းမှာ တပ်မတော်နဲ့ အေအေ လက်နက်ကိုင်တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ ဖမ်းဆီးခံရတာ၊ ကျောင်းသားလူငယ်တွေ ပညာရေး အခွင့်အလမ်းဆုံးရှုံးတာတွေ အပါအဝင် လူ့အခွင့်ရေးချိုးဖောက်ခံရမှုတွေ ရှိနေတယ်လို့ လူ့အခွင့်အရေးဆောင်ရွက်နေတဲ့ လူငယ်တွေက ပြောဆိုလိုက်ပါတယ်။ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲကြားမှာ ပစ်ခတ်ခံရပြီး သေဆုံးသူတွေနဲ့ စစ်ကြောရေးကာလမှာ သေဆုံးသူအရပ်သား ၁၀၀ ဝန်းကျင်နေပြီး ဒဏ်ရာရရှိသူ ၂၃၀ ကျော်ရှိတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးက သိရပါတယ်။  ဒါကြောင့် ရခိုင်ပြည်နယ် အတွင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်တန့်ပေးဖို့ကိုလည်း လူငယ်တွေက တောင်းဆိုခဲ့ကြပါတယ်။ စစ်တွေမြို့မှာပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ အင်္ကျီတွေဖြန့်ဝေတာတွေ၊ လူအခွင့်ရေးနဲ့ပတ်သက်ပြီး ရေးထားတဲ့စာအုပ်တွေကို ဖြန်ဝေတာတွေ၊ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ သီချင်းတွေကို သီဆိုဖျော်ဖြေတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024