DKBA ခွဲထွက်အဖွဲ့ မိခင်အဖွဲ့အစည်းနှင့် ပြန်လည်ပေါင်းစည်းရန် ညှိနှိုင်းနေ
DVB
·
December 5, 2019

DKBA ၂၅ နှစ်မြောက် ငွေရတုအခမ်းအနားမှာ ဗိုလ်ဆန်းအောင်ဦးစီးတဲ့ DKBA ခွဲထွက်အဖွဲ့ဟာ မိခင်အဖွဲ့အစည်း တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) နဲ့ ပြန်လည်ပူပေါင်းဖို့ ဆွေးနွေးညှိနှိုင်းနေတယ်လို့ သိရပါတယ်။
ဗိုလ်ဆန်းအောင်၊ ဗိုလ်ကျော်သက်၊ ဗိုလ်ဘိအဖွဲ့တွေက ကျနော်တို့မူလ DKBA အဖွဲ့နဲ့ ပြန်ပေါင်းဖို့ ဆွေးနွေးနေတာသိရပြီး ညီအစ်ကိုတွေ ပြန်ဆုံရမယ့်အတွက် ဝမ်းသာတယ်လို့ မြဝတီ DKBA ဆက်ဆံရေးအရာရှိ စောလှမြိုင်က ပြောပါတယ်။
ဒေသတွင်း ကရင်ဆရာတော်၊ သံဃာတော်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ စစ်ဘက်နယ်ဘက် တာဝန်ရှိသူတွေရဲ့ ဆက်သွယ် ဆွေးနွေးညှိနိုင်းပေးချက်အရ လာမယ့် ဒီဇင်ဘာ ၂၁ ရက် မြဝတီမြို့ ဆုံဆည်းမြိုင် (တောင်နီစခန်း) မှာ dkba ၂၅ နှစ်မြောက် ငွေရတု အခမ်းအနားမှာ ပြန်လည်ပေါင်းစည်းခြင်း အခမ်းအနားကို ကျင်းပသွားမယ်လို့ သိရပါတယ်။
သတင်း - စောတာတူး