ငြိမ်းချမ်းရေးရအောင်ဆောင်ရွက်ရန် လွှတ်တော်အသီးသီးကို သူရဦးရွှေမန်း တိုက်တွန်း
DVB
·
January 31, 2013

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်အသီးသီးကို တိုက်တွန်းလိုက်ပါတယ်။
ဒီနေ့ လွှတ်တော်သက်တမ်း ၂ နှစ်ပြည့် အခမ်းအနားမှာ တိုက်တွန်းသွားတာပါ။
သူရဦးရွှေမန်းက လွှတ်တော်တွေအနေနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တရားဥပဒေစိုမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ပြည်ထောင်စုအတွင်း ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းဆောင်ရွက်ဖို့ လိုတယ်လို့ ပြောသွားတာပါ။
ခေတ်ပြောင်း၊ စနစ်ပြောင်းကာလမှာ အတိတ်ကဖြစ်ခဲ့တဲ့အခြေအနေတွေကို သင်ခန်းစာယူပြီး ပြုပြင်ပြောင်းလဲသင့်တာတွေကို ရဲရဲဝံ့ဝံ့နဲ့ သတ္တိရှိရှိ ဆောင်ရွက်ဖို့လည်း လွှတ်တော်အမတ်တွေကို သူရဦးရွှေမန်းက ပြောကြားသွားပါတယ်။