Home
မြန်မာသတင်း
ကယားရိုးရာ လက်မှုပစ္စည်းနှင့်ဈေးရောင်းပွဲတော် လွိုင်ကော်တွင်ကျင်းပ
နော်နိုရင်း
·
November 18, 2019
76756851_10218383862361277_4786568483901014016_o
75586149_10218383862801288_6639231609469927424_o
75462408_10218383852321026_8236512719738503168_o
75380026_10218383851561007_7193672060151791616_o
74230434_10218383849680960_57988264723742720_o
71261159_10218383861841264_267300674100789248_o
74674984_10218383848640934_1399070143379668992_o
ကယားပြည်နယ်ရှိ တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ လက်မှုထုတ်လုပ်ကုန်ပစ္စည်း ဈေးရောင်းပွဲတော်ကို လွိုင်ကော်မြို့ ပြည်သူ့လွှတ်တော်ဝန်းထဲက  ပြည်သူ့ဟစ်တိုင်ကွင်းမှာ ကျင်းပနေပါတယ်။ ဒီဈေးရောင်းပွဲတော်ကို နိုဝင်ဘာ ၁၈ ရက်မှ ၂၀ ရက်အထိ ၃ ရက်တိုင်တိုင်ကျ ကျင်းပမှာဖြစ်ပြီး ရိုးရာလက်မှုပညာကိုအားပေးမြှင့်တင်နိုင်ဖို့နဲ့ လက်မှုထုတ်ပစ္စည်းတွေကို ဈေးကွက်နဲ့ ချိတ်ဆက်နိုင်အောင် ရည်ရွည်ပြုလုပ်တာလို့ ကယားပြည်နယ်လက်မှုစီးပွားတာဝန်ခံ ဦးသုအောင်ခိုင်က ပြောပါတယ်။ “ကျနော်တို့ ဒီဒေသမှာ လက်မှုလုပ်တာ အများကြီးတတ်တယ်။ ကျနော်တို့မှာ တိုင်းရင်းသားလူမျိုးစု ၉ မျိုးရှိတယ်။ ဒီ ၉ မျိုးမှာ သူ့လက်မှုပညာဂျက်ခုတ်တာ၊ သူ့အရောင်တွေ၊ သူလုပ်ထားတဲ့ဟာတွေက တစုကို တမျိုးမျိုးဖြစ်တယ်။ အရမ်းကိုလှပတယ်ပေါ့နော်။ အဲဒါ အရမ်း လှပပေမယ့် ဈေးကွက်မဝင်နိုင်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ စက်နဲ့လုပ်တဲ့ဟာတွေ တဖြည်းဖြည်းနဲ့ မြင့်တက်လာတော့ လက်နဲ့လုပ်တဲ့ဟာတွေ တဖြည်းဖြည်းနဲ့ ပျောက်သွားတယ်။ ” ဒီပွဲကြောင့် လက်မှုလုပ်ငန််းလုပ်ကိုင်နေသူတွေ ဈေးကွက်ဝင်ရောက်နိုင်ဖို့နဲ့ လုပ်ငန်းရှင်တွေနဲ့ ဟိုတယ်တွေဘက်ကလည်း  လက်မှုပစ္စည်းတွေမှာစရာနေရာတခုခု ရသွားအောင်လုပ်ဆောင်ရတာဖြစ်တယ်လို့ ပြောပါတယ်။ ကယားပြည်နယ်က ဌာနေတိုင်းရင်းသားတွေရဲ့  လက်မှုထုတ်လုပ်နေတဲ့ နေရာအဖွဲ့အစည်း ၁၅ ခုလောက်ရှိရှိပြီး အဓိကအားဖြင့် ရိုးရာဝတ်စုံတွေ၊ ဝါးနဲ့ပြုလုပ်တဲ့ရိုးရာပစ္စည်းတွေနဲ့ အလှပစ္စည်းတွေ ပြုလုပ်ကြပါတယ်။ ဒီလိုဌာနေတိုင်းရင်းသားတွေ လက်မှုလုပ်ငန်းတွေလုပ်ဆောင်နိုင်ကြပေမယ့် အရည်အသွေးမီထုတ်လုပ်နိုင်ဖို့ စိန်ခေါ်မှုတွေရှိနေသေးတယ်လို့  ဒီပွဲကို ဦးစီးကျင်းပတဲ့ နိုင်ငံတကာကုန်သွယ်မှုဗဟို (ITC) စီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်ဝင်းနီက ပြောပါတယ်။ “ကျမတို့ ကယားအတွက်ပဲ မဟုတ်ဘူးပေါ့နော်။ ဖြစ်နိုင်လို့ရှိရင်လည်း တခြားဒေသတွေကို ရောင်းနိုင်အောင်၊  နိုင်ငံတကာဈေးကွက်တွေကိုလည်းရောင်းနိုင်အောင် အဲလိုမျိုးသွားဖို့တော့ မျှော်လင့်ပေမယ့်တခုရှိတာက ကျမတို့ လုပ်နိုင်တဲ့အနေအထား အရမ်းကန့်သတ်ချက်များတယ်ပေါ့။ ဘာလို့လဲဆိုတာ့ ကိုယ့်ရဲ့အရည်အသွေးကောင်းအောင် လုပ်ပေးဖို့လိုသလို တဖက်က ‌ဈေးကွက်ကလည်း ချိန်ဖို့ အဲဒါကအရမ်းကြာတယ်။ ” လားတူဈေးရောင်းပွဲတော် ကျင်းပလာတာ ၄ ကြိမ်ရှိပြီဖြစ်ပေမယ့် လူသိ နည်းနေသေးကြောင်းနဲ့  ရိုးရာပစ္စည်းဈေးရောင်းပွဲတွေ ထပ်လုပ်ပေးဖို့လိုအပ်ကြောင်းလည်း ပြောပါတယ်။ လက်ရှိကျင်းပတဲ့ ဈေးရောင်းပွဲကို ကယားပြည်နယ်လွှတ်တော်ရဲ့ အကူအညီနဲ့ နိုင်ငံတကာ ကုန်သွယ်မှုဗဟို (ITC) နဲ့ ကယားပြည်နယ် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး ကျင်းပတာလည်းဖြစ်ပါတယ်။ ဒီပွဲတော်မှာ ကယားဌာနေတိုင်းရင်းသားတွေရဲ့ ရိုးရာအဝတ်အထည်တွေ၊  အသုံးအဆောင်ပစ္စည်းတွေအပြင် ကယားဒေသထွက် အစားအသောက်တွေလည်း ရောင်းချပေးနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024