သြစတြေးလျတွင် ကားတိုက်မှုကြောင့် တရုတ်အမျိုးသမီး ၂ ဦး သေဆုံး

သြစတြေးလျနိုင်ငံ အနောက်သြစတြေးလျပြည်နယ်မှာ စက်တင်ဘာ ၁၅ ရက်က  နစ်ဆန်းအမျိုးအစား ကားတစီးက ဘတ်စ်ကားကြီးတစီးကို ဝင်တိုက်ခဲ့တာကြောင့် တရုတ်အမျိုးသမီးနှစ်ယောက် သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။  အဲဒီအမျိုးသမီးတွေ စီးလာတဲ့ကားဟာ  Indian Ocean Drive လမ်းမကြီးပေါ်ကို ကွေ့လာပြီးနောက် ခရီးသည် ၃၄ ယောက်တင်ဆောင်လာတဲ့ ဘက်စ်ကားကို ဝင်တိုက်ခဲ့တာလို့ အနောက်သြစတြေးလျ ရဲတပ်ဖွဲ့က ပြောပါတယ်။  အခင်းဖြစ်တဲ့နေရာမှာ နစ်ဆန်းကားဟာ မှောက်ခုံလန်နေပြီး တစီးလုံးကြေမွနေတဲ့ ရုပ်သံဖိုင်ကို ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။  နစ်ဆန်းကာပေါ်မှာ တရုတ်အမျိုးသမီး ၃ ယောက် လိုက်ပါလာပြီး အဲဒီထဲက ယာဉ်မောင်း အမျိုးသမီးကတော့ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။  ကျန်အမျိုးသမီးနှစ်ယောက်ကို ဆေးရုံပို့ခဲ့ပေမယ့် တစ်ယောက်ကတော့ သေဆုံးသွား ခဲ့ပြီး နောက်တစ်ယောက်က ဒဏ်ရာပြင်းပေမယ့် မစိုးရိမ်ရဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အခုလအစော ပိုင်းကပဲ နယူးဇီလန်မှာ ဘက်စ်ကားတစီ မတော်တဆမှုကြောင့် တရုတ်ခရီးသွား ၅ ယောက် သေဆုံးခဲ့ ပါတယ်။ =============== ၾသစေၾတးလ်တြင္ ကားတိုက္မႈေၾကာင့္ တ႐ုတ္အမ်ိဳးသမီး ၂ ဦး ေသဆုံး DVB ၾသစေၾတးလ်ႏိုင္ငံ အေနာက္ၾသစေၾတးလ်ျပည္နယ္မွာ စက္တင္ဘာ ၁၅ ရက္က  နစ္ဆန္းအမ်ိဳးအစား ကားတစီးက ဘတ္စ္ကားႀကီးတစီးကို ဝင္တိုက္ခဲ့တာေၾကာင့္ တ႐ုတ္အမ်ိဳးသမီးႏွစ္ေယာက္ ေသဆုံးခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။ အဲဒီအမ်ိဳးသမီးေတြ စီးလာတဲ့ကားဟာ  Indian Ocean Drive လမ္းမႀကီးေပၚကို ေကြ႕လာၿပီးေနာက္ ခရီးသည္ ၃၄ ေယာက္တင္ေဆာင္လာတဲ့ ဘက္စ္ကားကို ဝင္တိုက္ခဲ့တာလို႔ အေနာက္ၾသစေၾတးလ် ရဲတပ္ဖြဲ႕က ေျပာပါတယ္။ အခင္းျဖစ္တဲ့ေနရာမွာ နစ္ဆန္းကားဟာ ေမွာက္ခုံလန္ေနၿပီး တစီးလုံးေၾကမြေနတဲ့ ႐ုပ္သံဖိုင္ကို ႐ိုက္တာသတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။ နစ္ဆန္းကာေပၚမွာ တ႐ုတ္အမ်ိဳးသမီး ၃ ေယာက္ လိုက္ပါလာၿပီး အဲဒီထဲက ယာဥ္ေမာင္း အမ်ိဳးသမီးကေတာ့ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ပါတယ္။ က်န္အမ်ိဳးသမီးႏွစ္ေယာက္ကို ေဆး႐ုံပို႔ခဲ့ေပမယ့္ တစ္ေယာက္ကေတာ့ ေသဆုံးသြား ခဲ့ၿပီး ေနာက္တစ္ေယာက္က ဒဏ္ရာျပင္းေပမယ့္ မစိုးရိမ္ရဘူးလို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။ အခုလအေစာ ပိုင္းကပဲ နယူးဇီလန္မွာ ဘက္စ္ကားတစီ မေတာ္တဆမႈေၾကာင့္ တ႐ုတ္ခရီးသြား ၅ ေယာက္ ေသဆုံးခဲ့ ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up