သြစတြေးလျတွင် မြေနေရာပေါင်း ၁၄၀ ကျော် မီးလောင်၊ ဒေသခံများ ဘေးလွတ်ရာပြေး

သြစတြေးလျနိုင်ငံ ကွင်းစ်လန်းပြည်နယ်နဲ့ နယူးဆောက်သ်ဝေးပြည်နယ်တွေမှာ မြေနေရာပေါင်း ၁၄၀ ကျော် မီးလောင်နေတာကြောင့် ရာချီတဲ့ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြတယ်လို့ အရာရှိတွေက စက်တင်ဘာ ၁၀ ရက်နေ့မှာ ပြောပါတယ်။  စက်တင်ဘာ ၉ ရက်နေ့ကတည်းက အဲဒီပြည်နယ်နှစ်ခုမှာ လေပြင်းတွေ တိုက်ပြီး ချုံပုတ်တွေ မီးလောင်တာကြောင့် ဧရိယာဟက်တာ ထောင်ချီတဲ့ မြေတွေ ထိန်းမနိုင် သိမ်းမရ မီးလောင်ကျွမ်းခဲ့ပါတယ်။ အဲဒီထဲက မီးလောင်မှု ၈ ခုထက်မနည်းဟာ သဘာဝကြောင့် မဟုတ်ဘူးလို့ သံသယ ရှိတဲ့အတွက် စုံစမ်းစစ်ဆေးသွားမယ်လို့ ကွင်းစ်လန်းပြည်နယ် ရဲမင်းကြီးက သတင်းထောက်တွေကို ပြောပါတယ်။ ကွင်းစ်လန်းပြည်နယ်မှာ စိုထိုင်းဆ လျော့နည်းပြီး လေပြင်းတွေ တိုက်ခတ်တာကြောင့် စိုက်ခင်းမြေနေရာ ၈၅ နေရာ မီးလောင်ခဲ့ပြီး ပြည်နယ်တလွှား နေအိမ်အလုံး ၈၀ ကျော် ပျက်စီးခဲ့တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။ ဒါ့အပြင် လူပေါင်း ၄၀၀ ကျော်ဟာလည်း ခိုလှုံရေးစင်တာမှာ နေကြရပါတယ်။  နယူးဆောက်သ်ဝေးပြည်နယ်မှာတော့ မီးသတ်သမားတွေဟာ မီးလောင်တဲ့နေရာ ၅၅ နေရာမှာ မီးငြှိမ်းသတ်နေပြီး အဆောက်အအုံ ၅ ခု မီးထဲပါသွားခဲ့တယ်လို့  နယူးဆောက်သ်ဝေး ကျေးလက်မီးသတ်ဌာနက ပြောပါတယ်။ အဲဒီပြည်နယ်နှစ်ခုမှာ ဒီဇင်ဘာလကနေ ဖေဖော်ဝါရီလအတွင်း နွေရာသီ ချုံပုတ်မီး သတိပေးချက်တွေ ထုတ်ပြန်လေ့ရှိပေမယ့် အခု မီးလောင်မှုကတော့ ပုံမှန်ရာသီထက် စောနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့ တနေ့လုံး လေတိုက်နှုန်း ပြင်းထန်နိုင်တယ်လို့ သြစတြေးလျ မိုးလေဝသဌာနက ထုတ်ပြန်ကြေညာထားပါတယ်။
ၾသစေၾတးလ်တြင္ ေျမေနရာေပါင္း ၁၄၀ ေက်ာ္ မီးေလာင္၊ ေဒသခံမ်ား ေဘးလြတ္ရာေျပး DVB ၾသစေၾတးလ်ႏိုင္ငံ ကြင္းစ္လန္းျပည္နယ္နဲ႔ နယူးေဆာက္သ္ေဝးျပည္နယ္ေတြမွာ ေျမေနရာေပါင္း ၁၄၀ ေက်ာ္ မီးေလာင္ေနတာေၾကာင့္ ရာခ်ီတဲ့ေဒသခံေတြ ေဘးလြတ္ရာ ထြက္ေျပးခဲ့ၾကတယ္လို႔ အရာရွိေတြက စက္တင္ဘာ ၁၀ ရက္ေန႔မွာ ေျပာပါတယ္။ စက္တင္ဘာ ၉ ရက္ေန႔ကတည္းက အဲဒီျပည္နယ္ႏွစ္ခုမွာ ေလျပင္းေတြ တိုက္ၿပီး ခ်ဳံပုတ္ေတြ မီးေလာင္တာေၾကာင့္ ဧရိယာဟက္တာ ေထာင္ခ်ီတဲ့ ေျမေတြ ထိန္းမႏိုင္ သိမ္းမရ မီးေလာင္ကြၽမ္းခဲ့ပါတယ္။ အဲဒီထဲက မီးေလာင္မႈ ၈ ခုထက္မနည္းဟာ သဘာဝေၾကာင့္ မဟုတ္ဘူးလို႔ သံသယ ရွိတဲ့အတြက္ စုံစမ္းစစ္ေဆးသြားမယ္လို႔ ကြင္းစ္လန္းျပည္နယ္ ရဲမင္းႀကီးက သတင္းေထာက္ေတြကို ေျပာပါတယ္။ ကြင္းစ္လန္းျပည္နယ္မွာ စိုထိုင္းဆ ေလ်ာ့နည္းၿပီး ေလျပင္းေတြ တိုက္ခတ္တာေၾကာင့္ စိုက္ခင္းေျမေနရာ ၈၅ ေနရာ မီးေလာင္ခဲ့ၿပီး ျပည္နယ္တလႊား ေနအိမ္အလုံး ၈၀ ေက်ာ္ ပ်က္စီးခဲ့တယ္လို႔ မီးသတ္ဌာနက ေျပာပါတယ္။ ဒါ့အျပင္ လူေပါင္း ၄၀၀ ေက်ာ္ဟာလည္း ခိုလႈံေရးစင္တာမွာ ေနၾကရပါတယ္။ နယူးေဆာက္သ္ေဝးျပည္နယ္မွာေတာ့ မီးသတ္သမားေတြဟာ မီးေလာင္တဲ့ေနရာ ၅၅ ေနရာမွာ မီးျငႇိမ္းသတ္ေနၿပီး အေဆာက္အအုံ ၅ ခု မီးထဲပါသြားခဲ့တယ္လို႔ နယူးေဆာက္သ္ေဝး ေက်းလက္မီးသတ္ဌာနက ေျပာပါတယ္။ အဲဒီျပည္နယ္ႏွစ္ခုမွာ ဒီဇင္ဘာလကေန ေဖေဖာ္ဝါရီလအတြင္း ေႏြရာသီ ခ်ဳံပုတ္မီး သတိေပးခ်က္ေတြ ထုတ္ျပန္ေလ့ရွိေပမယ့္ အခု မီးေလာင္မႈကေတာ့ ပုံမွန္ရာသီထက္ ေစာေနတယ္လို႔ ႐ိုက္တာသတင္းဌာနက ေဖာ္ျပပါတယ္။ စက္တင္ဘာ ၁၀ ရက္ေန႔ တေန႔လုံး ေလတိုက္ႏႈန္း ျပင္းထန္ႏိုင္တယ္လို႔ ၾသစေၾတးလ် မိုးေလဝသဌာနက ထုတ္ျပန္ေၾကညာထားပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up