Dragon အဲလိုင်း ရန်ကုန်- ဟောင်ကောင် တိုက်ရိုက် ပြေးဆွဲမယ်
DVB
·
December 19, 2012

ဟောင်ကောင်အခြေစိုက် Dragon အဲလိုင်းဟာ လာမယ့် ဇန်န၀ါရီ ၉ ရက်နေ့ကစ ရန်ကုန်-ဟောင်ကောင် တိုက်ရိုက် ပြေးဆွဲတော့မှာဖြစ်ကြောင်း အဲလိုင်း တာဝန်ရှိသူ တယောက်က ပြောပါတယ်။
တပတ်ကို ၄ ကြိမ် ပျံသန်းပြေးဆွဲမယ့် အဲဒီ လေကြောင်းဟာ ဇန်န၀ါရီ ၉ ရက်နေ့ကနေ မတ် ၃၁ ရက်နေ့အထိကို ပရိုမိုးရှင်းကာလ သတ်မှတ်ထားပြီး ရန်ကုန်-ဟောင်ကောင်-ရန်ကုန် အသွားအပြန် လက်မှတ် ၁ စောင် ၄၈၅ ဒေါ်လာနဲ့ ရောင်းချပေးမယ်ဖြစ်ကြောင်း အရောင်းတာဝန်ခံ တယောက်က ပြောပါတယ်။ ဒီ ပရိုမိုးရှင်းလက်မှတ်ကို ဒီနေ့ကနေ ဇန်န၀ါရီ ၈ ရက်နေ့အထိပဲ ၀ယ်ယူနိုင်မှာလို့ သူက ရှင်းပြပါတယ်။
လက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဟာ သေးငယ်ပြီး လေယာဉ်ခရီးစဉ် နည်းနည်းလောက်ပဲ ၀န်ဆောင်မှုပေးနိုင်တဲ့အတွက် ဒီလေယာဉ်ကို ရန်ကုန်လေဆိပ်ကနေ ညသန်းခေါင် ၁း၀၀ နာရီမှာ ဟောင်ကောင်ကို ထွက်ခွာမှာဖြစ်ကြောင်း သိရပါတယ်။