Su-57 အမျိုးအစား ကိုယ်ပျောက်တိုက်လေယာဉ်သစ် ရုရှားပြသ

ရုရှားနိုင်ငံ မြို့တော် မော်စကိုမှာ သြဂုတ်လ ကျင်းပတဲ့ MAKS-2019 လေကြောင်းပြပွဲမှာ Su-57 အမျိုးအစား ကိုယ်ပျောက်တိုက်လေယာဉ်သစ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က တူရကီသမ္မတ တာရစ်အာဒိုဂန်ကို ပြသခဲ့ပါတယ်။ နှစ်နိုင်ငံ ခေါင်းဆောင်တွဟာ Su-57 ကိုယ်ပျောက် တိုက်လေယာဉ်အပြင် ရုရှားထုတ် MC-21 ခရီးသည်တင်လေယာဉ်၊ Mi-38 ရဟတ်ယာဉ်နဲ့ Be-200 ဘက်စုံသုံး ကုန်းရေနှစ်မျိုးလုံးမှာ ဆင်းသက်နိုင်တဲ့ လေယာဉ်တွေကိုလည်း လိုက်ကြည့်ခဲ့ကြပါတယ်။ သြဂုတ်လ ၂၇ ရက်နေ့မှာပဲ ရုရှားဟာ S-400 ရုရှား ဒုံးကျည် ကာကွယ်ရေးစနစ်အတွက် ဒုတိယမြောက် အမြောက်တပ်ခွဲကို တူရကီနိုင်ငံဆီကို ပို့ဆောင်လာခဲ့တယ်လို့ တူရကီ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ တူရကီက ရုရှား ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဝယ်ယူတာနဲ့ ပတ်သတ်လို့ ဒါဟာ နေတိုး ကာကွယ်ရေးစနစ်နဲ့ မဆီလျော်ဘူးလို့ အမေရိကန်အစိုးရက ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ရုရှားလုပ် လေယာဉ်တွေ အရောင်းမြှင့်တင့်ရေး ရည်ရွယ်ကျင်းပတဲ့ MAKS-2019 လေကြောင်းပြပွဲမှာ ပြည်ပနိုင်ငံတွေက စီးပွားရေးလုပ်ငန်း ၈၀၀ ကျော် လာရောက် ပြသခဲ့ကြပါတယ်။ ဒီနှစ် လေကြောင်းပြပွဲမှာ ပထမဆုံးအနေနဲ့ တရုတ် အစိုးရက ပါဝင် စီစဉ်ခဲ့တယ်လို့ RIA သတင်းဌာနမှာ ဖော်ပြပါတယ်။
Su-57 အမ်ိဳးအစား ကိုယ္ေပ်ာက္တိုက္ေလယာဥ္သစ္ ႐ုရွားျပသ DVB ႐ုရွားႏိုင္ငံ ၿမိဳ႕ေတာ္ ေမာ္စကိုမွာ ၾသဂုတ္လ က်င္းပတဲ့ MAKS-2019 ေလေၾကာင္းျပပြဲမွာ Su-57 အမ်ိဳးအစား ကိုယ္ေပ်ာက္တိုက္ေလယာဥ္သစ္ကို ႐ုရွားသမၼတ ဗလာဒီမာပူတင္က တူရကီသမၼတ တာရစ္အာဒိုဂန္ကို ျပသခဲ့ပါတယ္။ ႏွစ္ႏိုင္ငံ ေခါင္းေဆာင္တြဟာ Su-57 ကိုယ္ေပ်ာက္ တိုက္ေလယာဥ္အျပင္ ႐ုရွားထုတ္ MC-21 ခရီးသည္တင္ေလယာဥ္၊ Mi-38 ရဟတ္ယာဥ္နဲ႔ Be-200 ဘက္စုံသုံး ကုန္းေရႏွစ္မ်ိဳးလုံးမွာ ဆင္းသက္ႏိုင္တဲ့ ေလယာဥ္ေတြကိုလည္း လိုက္ၾကည့္ခဲ့ၾကပါတယ္။ ၾသဂုတ္လ ၂၇ ရက္ေန႔မွာပဲ ႐ုရွားဟာ S-400 ႐ုရွား ဒုံးက်ည္ ကာကြယ္ေရးစနစ္အတြက္ ဒုတိယေျမာက္ အေျမာက္တပ္ခြဲကို တူရကီႏိုင္ငံဆီကို ပို႔ေဆာင္လာခဲ့တယ္လို႔ တူရကီ ကာကြယ္ေရး ဝန္ႀကီးဌာနက ေျပာပါတယ္။ တူရကီက ႐ုရွား ဒုံးက်ည္ကာကြယ္ေရးစနစ္ကို ဝယ္ယူတာနဲ႔ ပတ္သတ္လို႔ ဒါဟာ ေနတိုး ကာကြယ္ေရးစနစ္နဲ႔ မဆီေလ်ာ္ဘူးလို႔ အေမရိကန္အစိုးရက ျပစ္တင္ေဝဖန္ခဲ့ပါတယ္။ ႐ုရွားလုပ္ ေလယာဥ္ေတြ အေရာင္းျမႇင့္တင့္ေရး ရည္႐ြယ္က်င္းပတဲ့ MAKS-2019 ေလေၾကာင္းျပပြဲမွာ ျပည္ပႏိုင္ငံေတြက စီးပြားေရးလုပ္ငန္း ၈၀၀ ေက်ာ္ လာေရာက္ ျပသခဲ့ၾကပါတယ္။ ဒီႏွစ္ ေလေၾကာင္းျပပြဲမွာ ပထမဆုံးအေနနဲ႔ တ႐ုတ္ အစိုးရက ပါဝင္ စီစဥ္ခဲ့တယ္လို႔ RIA သတင္းဌာနမွာ ေဖာ္ျပပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up