Home
မြန်မာသတင်း
ဦးဝိစာရအိမ်ရာ ရွှေ့ပြောင်းစရိတ် တလ ကျပ် ၃ သိန်းပေးမည်
စိုးမိုးအောင်
·
August 27, 2019
69597841_2309884005894942_2190130740513996800_o
68967585_2309883655894977_2849712235415076864_n
68401695_2309884035894939_7096840497750081536_o
69672235_2309884169228259_9185230343559446528_o
69389739_2309883965894946_2537591073614594048_o
ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ ဦးဝိစာရအိမ်ရာကို ရွှေ့ပြောင်းရင် ကုမ္ပဏီဘက်က တလကို ရွှေ့ပြောင်းစရိတ်ငွေ ကျပ် သုံးသိန်းပေးဖို့ လောလောဆယ် သတ်မှတ်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် မဲဆန္ဒနယ်နယ်မြေ အမှတ် (၂)  လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။ ဦးဝိစာရအိမ်ရာကို အဆင့်မြှင့်တင်ဖို့နဲ့ ပတ်သက်လို့ သြဂုတ် ၂၆ ရက်က ရန်ကုန်မြို့ မြို့ပြနဲ့အိမ်ရာဦးစီးဌာနမှာ အိုးအိမ်က တာဝန်ရှိသူတွေ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ရန်ကုန်မြို့တော် စည်ပင်လျှပ်စစ်နဲ့ တည်ဆောက်မယ့် ဂျပန်ကုမ္ပဏီဘက်က တာဝန်ရှိသူတွေ လာရောက်ပြီး လေးကြိမ်မြောက် ဆွေးနွေးခဲ့ကြတာပါ။ ဦးဝိစာရအိမ်ရာမှာ နေထိုင်သူတွေကို ပြောင်းရွှေ့တဲ့အခါ ဆောက်လုပ်မယ့် ကုမ္ပဏီဘက်က စီမံကိန်း မပြီးမချင်း တလ ကျပ် သုံးသိန်းလောက်ပေးဖို့ ဆွေးနွေးခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။ “အနည်းဆုံး အခု သူ သတ်မှတ်တာကတော့ သုံးသိန်းလောက်တော့ ပေးနိုင်တဲ့ သဘောရှိတယ်။ ဦးဝိစာရအိမ်ရာဟာ မြေဧက ၂၀ ကျော် ကျယ်ဝန်းသလို အရင်က လေးထပ် အဆောက်အဦ နေရာမှာ ၁၄ ထပ် ကျယ်ဝန်းတဲ့ အဆင့်မြင့်အိမ်ရာကို ဂျပန်ကုမ္ပဏီက တည်ဆောက်မှာ ဖြစ်ပါတယ်။ ဦးဝိစာရအိမ်ရာမှာ လက်ရှိ နေထိုင်သူတွေကတော့ အဆင့်မြင့် အဆောက်အဦ ဆောက်လုပ်တဲ့အခါ အရင်ထက်ကျဉ်းတဲ့ အိမ်ရာမျိုး တည်ဆောက်ပေးမှာဖြစ်လို့ သဘောမတူတာတွေ ရှိတယ်လို့ ပြောပါတယ်။ အဆင့်မြင့်အိမ်ရာ တည်ဆောက်တဲ့အခါ လက်ရှိစျေးဆိုင်ခန်းပေါင်း ၁၀၀ ကျော် ရှိနေတဲ့အပေါ် လျော်ကြေးသဘောမျိုး ပေးဖို့လည်း တင်ပြခဲ့တယ်လို့ ဦးကျော်ဇေယျက ဆိုပါတယ်။  ဦးဝိစာရအိမ်ရာကို အဆင့်မြှင့်တင်ပြီး ၁၄ ထပ် တည်ဆောက်တဲ့အခါ ရွှေတိဂုံဘုရားနဲ့ နီးကပ်နေတာကြောင့် ပေ ၁၉၀ ထက် ကျော်လွန်တည်ဆောက်လို့ မရဘူးလို့လည်း ပြောပါတယ်။ ဒေသခံ ပြည်သူတွေ သဘောတူညီရင် ၂၀၂၄ ခုနှစ်မှာ အပြီးတည်ဆောက်မှာ ဖြစ်ပါတယ်။
ဦးဝိစာရအိမ္ရာ ေ႐ႊ႕ေျပာင္းစရိတ္ တလ က်ပ္ ၃ သိန္းေပးမည္ စိုးမိုးေအာင္ ရန္ကုန္ၿမိဳ႕၊ ဒဂုံၿမိဳ႕နယ္ရွိ ဦးဝိစာရအိမ္ရာကို ေ႐ႊ႕ေျပာင္းရင္ ကုမၸဏီဘက္က တလကို ေ႐ႊ႕ေျပာင္းစရိတ္ေငြ က်ပ္ သုံးသိန္းေပးဖို႔ ေလာေလာဆယ္ သတ္မွတ္ထားတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕နယ္ မဲဆႏၵနယ္နယ္ေျမ အမွတ္ (၂) လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်က ေျပာပါတယ္။ ဦးဝိစာရအိမ္ရာကို အဆင့္ျမႇင့္တင္ဖို႔နဲ႔ ပတ္သက္လို႔ ၾသဂုတ္ ၂၆ ရက္က ရန္ကုန္ၿမိဳ႕ ၿမိဳ႕ျပနဲ႔အိမ္ရာဦးစီးဌာနမွာ အိုးအိမ္က တာဝန္ရွိသူေတြ၊ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္၊ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္လွ်ပ္စစ္နဲ႔ တည္ေဆာက္မယ့္ ဂ်ပန္ကုမၸဏီဘက္က တာဝန္ရွိသူေတြ လာေရာက္ၿပီး ေလးႀကိမ္ေျမာက္ ေဆြးေႏြးခဲ့ၾကတာပါ။ ဦးဝိစာရအိမ္ရာမွာ ေနထိုင္သူေတြကို ေျပာင္းေ႐ႊ႕တဲ့အခါ ေဆာက္လုပ္မယ့္ ကုမၸဏီဘက္က စီမံကိန္း မၿပီးမခ်င္း တလ က်ပ္ သုံးသိန္းေလာက္ေပးဖို႔ ေဆြးေႏြးခဲ့တယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်က ေျပာပါတယ္။ “အနည္းဆုံး အခု သူ သတ္မွတ္တာကေတာ့ သုံးသိန္းေလာက္ေတာ့ ေပးႏိုင္တဲ့ သေဘာရွိတယ္။ ဦးဝိစာရအိမ္ရာဟာ ေျမဧက ၂၀ ေက်ာ္ က်ယ္ဝန္းသလို အရင္က ေလးထပ္ အေဆာက္အဦ ေနရာမွာ ၁၄ ထပ္ က်ယ္ဝန္းတဲ့ အဆင့္ျမင့္အိမ္ရာကို ဂ်ပန္ကုမၸဏီက တည္ေဆာက္မွာ ျဖစ္ပါတယ္။ ဦးဝိစာရအိမ္ရာမွာ လက္ရွိ ေနထိုင္သူေတြကေတာ့ အဆင့္ျမင့္ အေဆာက္အဦ ေဆာက္လုပ္တဲ့အခါ အရင္ထက္က်ဥ္းတဲ့ အိမ္ရာမ်ိဳး တည္ေဆာက္ေပးမွာျဖစ္လို႔ သေဘာမတူတာေတြ ရွိတယ္လို႔ ေျပာပါတယ္။ အဆင့္ျမင့္အိမ္ရာ တည္ေဆာက္တဲ့အခါ လက္ရွိေစ်းဆိုင္ခန္းေပါင္း ၁၀၀ ေက်ာ္ ရွိေနတဲ့အေပၚ ေလ်ာ္ေၾကးသေဘာမ်ိဳး ေပးဖို႔လည္း တင္ျပခဲ့တယ္လို႔ ဦးေက်ာ္ေဇယ်က ဆိုပါတယ္။ ဦးဝိစာရအိမ္ရာကို အဆင့္ျမႇင့္တင္ၿပီး ၁၄ ထပ္ တည္ေဆာက္တဲ့အခါ ေ႐ႊတိဂုံဘုရားနဲ႔ နီးကပ္ေနတာေၾကာင့္ ေပ ၁၉၀ ထက္ ေက်ာ္လြန္တည္ေဆာက္လို႔ မရဘူးလို႔လည္း ေျပာပါတယ္။ ေဒသခံ ျပည္သူေတြ သေဘာတူညီရင္ ၂၀၂၄ ခုႏွစ္မွာ အၿပီးတည္ေဆာက္မွာ ျဖစ္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024