အမေရိကန်နှင့် ကုန်သွယ်ရေးအငြင်းပွားမှု ဆွေးနွေးညှိနှိုင်းရန် တရုတ်တိုက်တွန်း  

အမေရိကန်နဲ့ ကုန်သွယ်ရေး အငြင်းပွားမှုတွေ တိုးလာနေတာကို ဖြေရှင်းဖို့ ဆွေးနွေးညှိနှိုင်းဖို့ လိုပြီလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက  ပြောပါတယ်။ တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေး တင်းမာမှုကို ညှိနှိုင်းဆွေးနွေးတာတွေ ဆက်တိုက်ဖြေရှင်းသင့်ပြီး အမေရိကန်က ဆင်ခြင်တုံတရား အမြန်ရဖို့ မျှော်လင့်တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ဂန်ရှောင်က မနေ့က ဘေဂျင်းမှာ ကျင်းပတဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။ ကမ္ဘာ့အကြီးဆုံး စီးပွားရေး အင်အားကြီးနိုင်ငံ နှစ်နိုင်ငံအကြားက ပိုခါးသီးလာတဲ့ ကုန်သွယ်ရေးစစ်ပွဲဟာ သောကြာနေ့မှာ အရှိန်မြင့်တက်ခဲ့တာပါ။ နှစ်ဖက်စလုံးက တင်သွင်းကုန်တွေကို အပြန်အလှန် ထပ်ဆောင်းခွန် တိုးကောက်ခဲ့ကြပါတယ်။ ကုန်သွယ်ရေးစစ်ပွဲဟာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပြီး စီးပွားရေး ကျဆင်းလို့ ဈေးကွက်အတွင်း စိုးရိမ်မှုကို မြင့်တက်စေပါတယ်။  ပြင်သစ်နိုင်ငံမှာ တနင်္လာနေ့က ကျင်းပတဲ့ G7 ထိပ်သီးညီလာခံရဲ့ ဆက်စပ်အစည်းအဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ကြီးမြတ်တဲ့ ခေါင်းဆောင်တယောက်အဖြစ် ချီးကျူး ပြောဆိုပါတယ်။ ဓာတ်ပုံ-FMPRC ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version အေမရိကန္ႏွင့္ ကုန္သြယ္ေရးအျငင္းပြားမႈ ေဆြးေႏြးညႇိႏႈိင္းရန္ တ႐ုတ္တိုက္တြန္း   အေမရိကန္နဲ႔ ကုန္သြယ္ေရး အျငင္းပြားမႈေတြ တိုးလာေနတာကို ေျဖရွင္းဖို႔ ေဆြးေႏြးညႇိႏႈိင္းဖို႔ လိုၿပီလို႔ တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက  ေျပာပါတယ္။ တ႐ုတ္နဲ႔ အေမရိကန္ၾကား ကုန္သြယ္ေရး တင္းမာမႈကို ညႇိႏႈိင္းေဆြးေႏြးတာေတြ ဆက္တိုက္ေျဖရွင္းသင့္ၿပီး အေမရိကန္က ဆင္ျခင္တုံတရား အျမန္ရဖို႔ ေမွ်ာ္လင့္တယ္လို႔ တ႐ုတ္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာခြင့္ရ ဂန္ေရွာင္က မေန႔က ေဘဂ်င္းမွာ က်င္းပတဲ့ ပုံမွန္သတင္းစာ ရွင္းလင္းပြဲမွာ သတင္းေထာက္ေတြကို ေျပာပါတယ္။ ကမာၻ႔အႀကီးဆုံး စီးပြားေရး အင္အားႀကီးႏိုင္ငံ ႏွစ္ႏိုင္ငံအၾကားက ပိုခါးသီးလာတဲ့ ကုန္သြယ္ေရးစစ္ပြဲဟာ ေသာၾကာေန႔မွာ အရွိန္ျမင့္တက္ခဲ့တာပါ။ ႏွစ္ဖက္စလုံးက တင္သြင္းကုန္ေတြကို အျပန္အလွန္ ထပ္ေဆာင္းခြန္ တိုးေကာက္ခဲ့ၾကပါတယ္။ ကုန္သြယ္ေရးစစ္ပြဲဟာ ကမာၻ႔ဖြံ႕ၿဖိဳးတိုးတက္မႈကို ထိခိုက္ေစၿပီး စီးပြားေရး က်ဆင္းလို႔ ေဈးကြက္အတြင္း စိုးရိမ္မႈကို ျမင့္တက္ေစပါတယ္။ ျပင္သစ္ႏိုင္ငံမွာ တနလၤာေန႔က က်င္းပတဲ့ G7 ထိပ္သီးညီလာခံရဲ႕ ဆက္စပ္အစည္းအေဝးမွာ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ကို ႀကီးျမတ္တဲ့ ေခါင္းေဆာင္တေယာက္အျဖစ္ ခ်ီးက်ဴး ေျပာဆိုပါတယ္။ ဓာတ္ပုံ-FMPRC

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up