ဆီရီးယားတွင် လေကြောင်း တိုက်ခိုက်မှုကြောင့် ၃ ဦးသေဆုံး၊ ၇ ဦး ဒဏ်ရာရ

1.8K
ဆီရီးယားနိုင်ငံ အစ်ဒလစ်ပြည်နယ် မာရာသာ-နူမယ်မြို့မှာ သြဂုတ် ၂၃ ရက်နေ့က လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၃ ယောက်ထက်မနည်း သေဆုံးပြီး ၇ ယောက် ဒဏ်ရာရတယ်လို့ ဦးထုပ်ဖြူအဖွဲ့က ပြောပါတယ်။
သူပုန်စခန်းဟောင်းတွေက ထွက်ပြေးလာသူတွေရဲ့ ခိုလှုံရာနေရာ တိုက်ခိုက်ခံရတယ်ဆိုတဲ့ ဗွီဒီယိုဖိုင်ကို ဦးထုပ်ဖြူအဖွဲ့ကနေ အွန်လိုင်းတင်ခဲ့တာပါ။
ပြီးခဲ့တဲ့ ရက်အနည်းငယ်က ဆီးရီးယားအစိုးရတပ်တွေဟာ သူပုန်တွေရဲ့ နောက်ဆုံးခံတပ်ကို ထိုးစစ်စတင်တာကြောင့် လူပေါင်း သောင်းချီပြီး ဆီးရီးယားနယ်စပ်ကို ထွက်ပြေးခဲ့ပါတယ်။
အဲဒီနောက် ဗျူဟာမြောက် ခန်းရှိတ်ခွန်းမြို့နဲ့ ပတ်ပတ်လည်က မြို့တွေကို အစိုးရစစ်တပ်က သိမ်းယူခဲ့ပါတယ်။
ဧပြီလနှောင်းပိုင်းက စခဲ့တဲ့ အစိုးရထိုးစစ်ကြောင့် လူပေါင်း ရာချီသေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ခဲ့ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ဆီရီးယားတြင္ ေလေၾကာင္း တိုက္ခိုက္မႈေၾကာင့္ ၃ ဦးေသဆုံး၊ ၇ ဦး ဒဏ္ရာရ
ဆီရီးယားႏိုင္ငံ အစ္ဒလစ္ျပည္နယ္ မာရာသာ-ႏူမယ္ၿမိဳ႕မွာ ၾသဂုတ္ ၂၃ ရက္ေန႔က ေလေၾကာင္း တိုက္ခိုက္မႈေၾကာင့္ လူ ၃ ေယာက္ထက္မနည္း ေသဆုံးၿပီး ၇ ေယာက္ ဒဏ္ရာရတယ္လို႔ ဦးထုပ္ျဖဴအဖြဲ႕က ေျပာပါတယ္။
သူပုန္စခန္းေဟာင္းေတြက ထြက္ေျပးလာသူေတြရဲ့ ခိုလႈံရာေနရာ တိုက္ခိုက္ခံရတယ္ဆိုတဲ့ ဗြီဒီယိုဖိုင္ကို ဦးထုပ္ျဖဴအဖြဲ႕ကေန အြန္လိုင္းတင္ခဲ့တာပါ။
ၿပီးခဲ့တဲ့ ရက္အနည္းငယ္က ဆီးရီးယားအစိုးရတပ္ေတြဟာ သူပုန္ေတြရဲ႕ ေနာက္ဆုံးခံတပ္ကို ထိုးစစ္စတင္တာေၾကာင့္ လူေပါင္း ေသာင္းခ်ီၿပီး ဆီးရီးယားနယ္စပ္ကို ထြက္ေျပးခဲ့ပါတယ္။
အဲဒီေနာက္ ဗ်ဴဟာေျမာက္ ခန္းရွိတ္ခြန္းၿမိဳ႕နဲ႔ ပတ္ပတ္လည္က ၿမိဳ႕ေတြကို အစိုးရစစ္တပ္က သိမ္းယူခဲ့ပါတယ္။
ဧၿပီလေႏွာင္းပိုင္းက စခဲ့တဲ့ အစိုးရထိုးစစ္ေၾကာင့္ လူေပါင္း ရာခ်ီေသဆုံးခဲ့တယ္လို႔ ကုလသမဂၢက သတင္းထုတ္ျပန္ခဲ့ပါတယ္။