Home
မြန်မာသတင်း
မင်းပြားတွင် တိုက်ပွဲပြင်းထန်၊ တပ်မတော်က ရဟတ်ယာဉ် ၂ စီးဖြင့် တိုက်ခိုက်
DVB
·
August 23, 2019
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ရွှေကျန်-ခွဆုံ၊ ဒိုင်းသားကျေးရွာအနားတဝိုက်တွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ သြဂုတ် ၂၂ ရက် မနက်ပိုင်း ၁၀ နာရီကနေ့ ညနေ ၅ ခွဲအထိ နှစ်ဖက်တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပါတယ်။ ဒိုင်းသားကျေးရွာအနားတဝိုက်မှာ တပ်မတော်ဘက်က ရဟတ်ယာဉ် ၂ နှစ်စီးနဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွှေကျင်ကျေးရွာသားတဦးက “မနက် ၁၀ နာရီကစလို့ တိုက်ပွဲဖြစ်တာဗျ။ ညနေပိုင်း ၅ နာရီခွဲအထိ ပစ်ကြတယ်။ ညနေပိုင်း ၅ နာရီခွဲမှာတော့ ရဟတ်ယာဉ်နှစ်စီးနဲ့ တပ်မတော်ဘက်က တိုက်ပွဲဖြစ်နေတဲ့ စစ်ကွင်းကိုလာပစ်တယ်။ ခေါက်တုံ့ခေါက်ပြန် အဲ့ဒီရဟတ်ယာဉ် နှစ်စီးနဲ့ သုံးခါလာပစ်တယ်။ တိုက်ပွဲတွေက ပစ်ခတ်လိုက်တဲ့ကျည်ဆန်တွေ ရွာထဲကအိမ်တွေလာမှန်တယ်။ အဲ့ဒီမှာရွှေကျန်ရယ်၊ ခွဆုံရယ်၊ ဒိုင်းသားရယ် အဲ့ဒီကျေးရွာတွေက နေအိမ်တွေမှာ ကျည်ဆန်တွေ မှန်တယ်။ အိမ်ခေါင်းမိုးတွေ ပေါက်ပြဲသွားတယ်” လို့ပြောပါတယ်။ ရွှေကျန်ကျေးရွာဘုန်းတော်ကြီးကျောင်းအပါအဝင် ရွာရဲ့ အရှေ့ ဘုရားတောင်ဘက်တွေမှာ သြဂုတ် ၁၉ ရက်နေ့ကတည်းက မြန်မာ့တပ်မတော် တပ်အင်အား ၂၀၀ နီးပါးလောက်က နေရာယူထားကြောင့် ကျေးရွာသားတွေက လယ်ယာထွန်းယက်ဖို့၊ စပါးစိုက်ပျိုးဖို့ တောင်ယာခင်းတွေကို မသွားရဲကြတော့ဘူးလို့ ကျေးရွာသားတွေက ပြောပါတယ်။ သြဂုတ်လ ၂၂ ရက်နေ့ကတိုက်ပွဲကြောင့် အဲ့ကျေးရွာတဝိုက်က ကျေးရွာသားတွေ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ကျေးရွာသားတွေက ပြောပါတယ်။ မင်းပြားမြို့နယ်၊ ရွှေကျန်- ခွဆုံ၊ ဒိုင်းသားကျေးရွာအနားတွေမှာ တပ်မတော်နဲ့အေအေတို့ တိုက်ပွဲဖြစ်ပွားတာနဲ့ ရဟတ်ယာဉ် အသုံးပြုတိုက်ခိုက်ခဲ့တာ မှန်ကန်တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။ “မနေ့က အဲ့ဒီရွှေကျန်တဝိုက်မှာ တိုက်ပွဲဖြစ်တာ မှန်တယ်ခင်ဗျ၊ လေးမြို့မြစ် အရှေ့ဘက်ခြမ်း၊ တိုက်ပွဲဖြစ်နေတယ်လေ။ ဟိုဖက်ဒီဖက် ကိုယ်ပစ်သူပစ်ချနေကြတာပေါ့။ ရဟတ်ယာဉ် အသုံးပြုတာ မကလို ဒီထက်ကောင်းတဲ့ဟာရှိရင်ချပစ်မှာ။”  မင်းပြားမြို့နယ်အတွင်း အခုဖြစ်ပွားခဲ့တဲ့ တိုက်ပွဲသတင်းနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော်ဘက်ကို ဆက်သွယ်ခဲ့ပေမယ့် လက်ရှိအချိန်အထိ ဆက်သွယ်လို့မရရှိသေးပါဘူး။ တပ်မတော်နဲ့ အေအေတို့ ပြီးခဲ့နှစ် ဒီဇင်ဘာလဆန်းပိုင်းကနေ တိုက်ပွဲကာလ ၉ လနီးပါးရှိလာပြီဖြစ်ပေမယ့် တိုက်ပွဲတွေ ရပ်စဲမသွားဘဲ ပိုမိုပြင်းထန်လာနေပါတယ်။ ဒီတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် မြို့နယ် ၉ မြို့နယ်လောက်မှာ စစ်ဘေးရှောင် ဦးရေ ၆ သောင်းကျော် ရှိတယ်လို့ သိရပါတယ်။ သတင်း-ဝဏ္ဏခွာညို
မင္းျပားတြင္ တိုက္ပြဲျပင္းထန္၊ တပ္မေတာ္က ရဟတ္ယာဥ္ ၂ စီးျဖင့္ တိုက္ခိုက္ ဝဏၰခြာညိဳ ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္ ေ႐ႊက်န္-ခြဆုံ၊ ဒိုင္းသားေက်း႐ြာအနားတဝိုက္ေတြမွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ (ေအေအ)တို႔ ၾသဂုတ္ ၂၂ ရက္ မနက္ပိုင္း ၁၀ နာရီကေန႔ ညေန ၅ ခြဲအထိ ႏွစ္ဖက္တိုက္ပြဲ ျပင္းျပင္းထန္ထန္ျဖစ္ပြားခဲ့ပါတယ္။ ဒိုင္းသားေက်း႐ြာအနားတဝိုက္မွာ တပ္မေတာ္ဘက္က ရဟတ္ယာဥ္ ၂ ႏွစ္စီးနဲ႔ လာေရာက္တိုက္ခိုက္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေ႐ႊက်င္ေက်း႐ြာသားတဦးက “မနက္ ၁၀ နာရီကစလို႔ တိုက္ပြဲျဖစ္တာဗ်။ ညေနပိုင္း ၅ နာရီခြဲအထိ ပစ္ၾကတယ္။ ညေနပိုင္း ၅ နာရီခြဲမွာေတာ့ ရဟတ္ယာဥ္ႏွစ္စီးနဲ႔ တပ္မေတာ္ဘက္က တိုက္ပြဲျဖစ္ေနတဲ့ စစ္ကြင္းကိုလာပစ္တယ္။ ေခါက္တုံ႔ေခါက္ျပန္ အဲ့ဒီရဟတ္ယာဥ္ ႏွစ္စီးနဲ႔ သုံးခါလာပစ္တယ္။ တိုက္ပြဲေတြက ပစ္ခတ္လိုက္တဲ့က်ည္ဆန္ေတြ ႐ြာထဲကအိမ္ေတြလာမွန္တယ္။ အဲ့ဒီမွာေ႐ႊက်န္ရယ္၊ ခြဆုံရယ္၊ ဒိုင္းသားရယ္ အဲ့ဒီေက်း႐ြာေတြက ေနအိမ္ေတြမွာ က်ည္ဆန္ေတြ မွန္တယ္။ အိမ္ေခါင္းမိုးေတြ ေပါက္ၿပဲသြားတယ္” လို႔ေျပာပါတယ္။ ေ႐ႊက်န္ေက်း႐ြာဘုန္းေတာ္ႀကီးေက်ာင္းအပါအဝင္ ႐ြာရဲ႕ အေရွ႕ ဘုရားေတာင္ဘက္ေတြမွာ ၾသဂုတ္ ၁၉ ရက္ေန႔ကတည္းက ျမန္မာ့တပ္မေတာ္ တပ္အင္အား ၂၀၀ နီးပါးေလာက္က ေနရာယူထားေၾကာင့္ ေက်း႐ြာသားေတြက လယ္ယာထြန္းယက္ဖို႔၊ စပါးစိုက္ပ်ိဳးဖို႔ ေတာင္ယာခင္းေတြကို မသြားရဲၾကေတာ့ဘူးလို႔ ေက်း႐ြာသားေတြက ေျပာပါတယ္။ ၾသဂုတ္လ ၂၂ ရက္ေန႔ကတိုက္ပြဲေၾကာင့္ အဲ့ေက်း႐ြာတဝိုက္က ေက်း႐ြာသားေတြ ထိခိုက္ဒဏ္ရာရတာမရွိဘူးလို႔ ေက်း႐ြာသားေတြက ေျပာပါတယ္။ မင္းျပားၿမိဳ႕နယ္၊ ေ႐ႊက်န္- ခြဆုံ၊ ဒိုင္းသားေက်း႐ြာအနားေတြမွာ တပ္မေတာ္နဲ႔ေအေအတို႔ တိုက္ပြဲျဖစ္ပြားတာနဲ႔ ရဟတ္ယာဥ္ အသုံးျပဳတိုက္ခိုက္ခဲ့တာ မွန္ကန္တယ္လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းဦးစီးဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။ “မေန႔က အဲ့ဒီေ႐ႊက်န္တဝိုက္မွာ တိုက္ပြဲျဖစ္တာ မွန္တယ္ခင္ဗ်၊ ေလးၿမိဳ႕ျမစ္ အေရွ႕ဘက္ျခမ္း၊ တိုက္ပြဲျဖစ္ေနတယ္ေလ။ ဟိုဖက္ဒီဖက္ ကိုယ္ပစ္သူပစ္ခ်ေနၾကတာေပါ့။ ရဟတ္ယာဥ္ အသုံးျပဳတာ မကလို ဒီထက္ေကာင္းတဲ့ဟာရွိရင္ခ်ပစ္မွာ။” မင္းျပားၿမိဳ႕နယ္အတြင္း အခုျဖစ္ပြားခဲ့တဲ့ တိုက္ပြဲသတင္းနဲ႔ပတ္သက္လို႔ ရကၡိဳင့္တပ္ေတာ္ဘက္ကို ဆက္သြယ္ခဲ့ေပမယ့္ လက္ရွိအခ်ိန္အထိ ဆက္သြယ္လို႔မရရွိေသးပါဘူး။ တပ္မေတာ္နဲ႔ ေအေအတို႔ ၿပီးခဲ့ႏွစ္ ဒီဇင္ဘာလဆန္းပိုင္းကေန တိုက္ပြဲကာလ ၉ လနီးပါးရွိလာၿပီျဖစ္ေပမယ့္ တိုက္ပြဲေတြ ရပ္စဲမသြားဘဲ ပိုမိုျပင္းထန္လာေနပါတယ္။ ဒီတိုက္ပြဲေတြေၾကာင့္ ရခိုင္ျပည္နယ္ ၿမိဳ႕နယ္ ၉ ၿမိဳ႕နယ္ေလာက္မွာ စစ္ေဘးေရွာင္ ဦးေရ ၆ ေသာင္းေက်ာ္ ရွိတယ္လို႔ သိရပါတယ္။ သတင္း-ဝဏၰခြာညိဳ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024