ဘာလော့တယ်လီ မွေးရပ်မြေကလပ်သို့ ပြောင်းရွှေ့

အီတလီတိုက်စစ်မှူး ဘာလော့တယ်လီဟာ မွေးရပ်မြေကလပ် ဘရက်စီယာ အသင်းဆီကို ၃ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားပါတယ်။  မနှစ်က ပြင်သစ်ကလပ် မာဆေးအသင်းမှာ ကစားခဲ့တဲ့ ဘာလော့တယ်လီဟာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တာကြောင့် မွေးရပ်မြေ အီတလေကို ပြန်လည် ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။  အသက် ၂၉ နှစ်ရှိ ဘာလော့တယ်လီဟာ မာဆေးအသင်းအတွက် စုစုပေါင်း ၁၂ ပွဲမှာ ၈ ဂိုး သွင်းယူပေးခဲ့ပါတယ်။  ဘာလော့တယ်လီဟာ အင်တာမီလန်၊ မန်စီးတီး၊ အေစီမီလန်၊ လီဗာပူးနဲ့ နိုက်စ်အသင်းတွေမှာလည်း ပွဲပေါင်း ၃၅၀ အထိ ကစားခဲ့ပါတယ်။  ဘရက်စီယာအသင်းဟာ အခုနှစ်ရာသီမှ စီးရီးအေကို တန်းတက်လာတာ ဖြစ်ပြီး အတွေ့အကြုံရှိ တိုက်စစ်မှူး ဘာလော့တယ်လီကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဘာေလာ့တယ္လီ ေမြးရပ္ေျမကလပ္သို႔ ေျပာင္းေ႐ႊ႕ အီတလီတိုက္စစ္မႉး ဘာေလာ့တယ္လီဟာ ေမြးရပ္ေျမကလပ္ ဘရက္စီယာ အသင္းဆီကို ၃ ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕သြားပါတယ္။ မႏွစ္က ျပင္သစ္ကလပ္ မာေဆးအသင္းမွာ ကစားခဲ့တဲ့ ဘာေလာ့တယ္လီဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးခဲ့တာေၾကာင့္ ေမြးရပ္ေျမ အီတေလကို ျပန္လည္ ေျပာင္းေ႐ႊ႕လာတာ ျဖစ္ပါတယ္။ အသက္ ၂၉ ႏွစ္ရွိ ဘာေလာ့တယ္လီဟာ မာေဆးအသင္းအတြက္ စုစုေပါင္း ၁၂ ပြဲမွာ ၈ ဂိုး သြင္းယူေပးခဲ့ပါတယ္။ ဘာေလာ့တယ္လီဟာ အင္တာမီလန္၊ မန္စီးတီး၊ ေအစီမီလန္၊ လီဗာပူးနဲ႔ ႏိုက္စ္အသင္းေတြမွာလည္း ပြဲေပါင္း ၃၅၀ အထိ ကစားခဲ့ပါတယ္။ ဘရက္စီယာအသင္းဟာ အခုႏွစ္ရာသီမွ စီးရီးေအကို တန္းတက္လာတာ ျဖစ္ၿပီး အေတြ႕အႀကဳံရွိ တိုက္စစ္မႉး ဘာေလာ့တယ္လီကို ေခၚယူခဲ့တာ ျဖစ္ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up