Home
မြန်မာသတင်း
မွန်နှင့် တနင်္သာရီကို ဆက်သွယ်ထားသည့် မလွှဲတောင်ကြော တောင်နံရံပြိုကျ၍  လူ ၂ ဦး သေဆုံး
DVB
·
August 13, 2019
မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းကို အဓိက ဆက်သွယ်ထားတဲ့ မလွှဲတောင်ကြောပေါ်မှာ တောင်နံရံတွေပြိုကျပြီး လမ်းမြေသားပြတ်ကျခဲ့လို့ လမ်းလျှောက်လာတဲ့ လူ ၂ ဦး သေဆုံးသွား ပါတယ်။ မလွှဲတောင်ဂိတ်နဲ့ မီတာ ၂၀၀ အကွာ ၇၆ မိုင်နဲ့ ၇၉ မိုင်ကြား တနင်္သာရီတိုင်း ဘက်အခြမ်းမှာ သြဂုတ် ၁၀ ရက်က အခင်း ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီကနေ့မှ သတင်းရရှိတာ ဖြစ်တယ်လို့ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်က တိုင်းဦးစီး ဗိုလ်မှူးကြီး သန့်ဇင်ဦးက ပြောပါတယ်။  အဆိုပါနေရာကို လူ ၄ ဦး လမ်းလျှောက်လာတာဖြစ်ပြီး အကျယ် ပေ ၁၅၀ နဲ့ အနက် ပေ ၅၀ လောက် ပြတ်ကျသွားခဲ့ရာမှာ လူ ၂ ဦး လွတ်မြောက်ခဲ့ပြီး အမျိုးသား ၂ ဦးကတော့ သေဆုံးသွား ခဲ့ပါတယ်။  သေဆုံးသွားသူ ၂ ဦးရဲ့ အလောင်းတွေကိုတော့ ကလိန်အောင် ဆေးရုံကို ပို့ဆောင်ထားပါတယ်။  မလွှဲတောင်လမ်းပိုင်း နေရာအတော်များများမှာ လမ်းပိုင်းပြတ်တောက်မှုတွေ တောင်ပေါ်မြေသား ပြိုကျမှုတွေ ဆက်လက်ဖြစ်ပေါ်နေပြီး တပ်မတော်သားတွေ ၊ ဆောက်လုပ်ရေး လမ်းအထူးအဖွဲ့နဲ့ တာဝန်ရှိသူတွေက လမ်းအမြန်ဆုံး ပြန်ပွင့်အောင် ဆောင်ရွက်နေပါတယ်။  လမ်းပိုင်းပြတ်တောက်သွားတဲ့ နေရာတွေကို ယာယီသွားလာလို့ အဆင်ပြေအောင် ဘေလီတံတားတွေ တပ်ဆင်နေပြီး ပြီးစီးဖို့ အချိန် ၆ ရက်လောက် ကြာမြင့်နိုင်တယ်လို့ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်က သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။  တနင်္သာရီတိုင်းအတွင်းမှာ ရေကြီးပြီး လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ခဲ့တဲ့အတွက် သြဂုတ် ၁၂ ရက်အထိ တပ်မတော်သား ၅၆၀ ကျော်နဲ့ ဌာဆိုင်ရာအဖွဲ့စည်းတွေ လူမှုကူညီရေးအဖွဲ့တွေက ကူညီဆောင်ရွက်ပေးနေပါတယ်။ အောင်ကျော်
မြန္ႏွင့္ တနသၤာရီကို ဆက္သြယ္ထားသည့္ မလႊဲေတာင္ေၾကာ ေတာင္နံရံၿပိဳက်၍ လူ ၂ ဦး ေသဆုံး ေအာင္ေက်ာ္ မြန္ျပည္နယ္နဲ႔ တနသၤာရီတိုင္းကို အဓိက ဆက္သြယ္ထားတဲ့ မလႊဲေတာင္ေၾကာေပၚမွာ ေတာင္နံရံေတြၿပိဳက်ၿပီး လမ္းေျမသားျပတ္က်ခဲ့လို႔ လမ္းေလွ်ာက္လာတဲ့ လူ ၂ ဦး ေသဆုံးသြား ပါတယ္။မလႊဲေတာင္ဂိတ္နဲ႔ မီတာ ၂၀၀ အကြာ ၇၆ မိုင္နဲ႔ ၇၉ မိုင္ၾကား တနသၤာရီတိုင္း ဘက္အျခမ္းမွာ ၾသဂုတ္ ၁၀ ရက္က အခင္း ျဖစ္ပြားခဲ့တာျဖစ္ၿပီး ဒီကေန႔မွ သတင္းရရွိတာ ျဖစ္တယ္လို႔ ကမ္း႐ိုးတန္းတိုင္း စစ္ဌာနခ်ဳပ္က တိုင္းဦးစီး ဗိုလ္မႉးႀကီး သန႔္ဇင္ဦးက ေျပာပါတယ္။ အဆိုပါေနရာကို လူ ၄ ဦး လမ္းေလွ်ာက္လာတာျဖစ္ၿပီး အက်ယ္ ေပ ၁၅၀ နဲ႔ အနက္ ေပ ၅၀ ေလာက္ ျပတ္က်သြားခဲ့ရာမွာ လူ ၂ ဦး လြတ္ေျမာက္ခဲ့ၿပီး အမ်ိဳးသား ၂ ဦးကေတာ့ ေသဆုံးသြား ခဲ့ပါတယ္။ ေသဆုံးသြားသူ ၂ ဦးရဲ႕ အေလာင္းေတြကိုေတာ့ ကလိန္ေအာင္ ေဆး႐ုံကို ပို႔ေဆာင္ထားပါတယ္။ မလႊဲေတာင္လမ္းပိုင္း ေနရာအေတာ္မ်ားမ်ားမွာ လမ္းပိုင္းျပတ္ေတာက္မႈေတြ ေတာင္ေပၚေျမသား ၿပိဳက်မႈေတြ ဆက္လက္ျဖစ္ေပၚေနၿပီး တပ္မေတာ္သားေတြ ၊ ေဆာက္လုပ္ေရး လမ္းအထူးအဖြဲ႕နဲ႔ တာဝန္ရွိသူေတြက လမ္းအျမန္ဆုံး ျပန္ပြင့္ေအာင္ ေဆာင္႐ြက္ေနပါတယ္။ လမ္းပိုင္းျပတ္ေတာက္သြားတဲ့ ေနရာေတြကို ယာယီသြားလာလို႔ အဆင္ေျပေအာင္ ေဘလီတံတားေတြ တပ္ဆင္ေနၿပီး ၿပီးစီးဖို႔ အခ်ိန္ ၆ ရက္ေလာက္ ၾကာျမင့္ႏိုင္တယ္လို႔ တနသၤာရီတိုင္းဝန္ႀကီးခ်ဳပ္ ဦးျမင့္ေမာင္က သူ႔ရဲ႕လူမႈကြန္ရက္ စာမ်က္ႏွာေပၚမွာ ေရးသားထားပါတယ္။ တနသၤာရီတိုင္းအတြင္းမွာ ေရႀကီးၿပီး လမ္းပန္းဆက္သြယ္ေရးေတြ ျပတ္ေတာက္ခဲ့တဲ့အတြက္ ၾသဂုတ္ ၁၂ ရက္အထိ တပ္မေတာ္သား ၅၆၀ ေက်ာ္နဲ႔ ဌာဆိုင္ရာအဖြဲ႕စည္းေတြ လူမႈကူညီေရးအဖြဲ႕ေတြက ကူညီေဆာင္႐ြက္ေပးေနပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024