ရေဘေး ကူညီဆောင်ရွက်ပေးနေသည့် တပ်မတော်သား ၁ ဦး အသက်ဆုံးရှုံး
DVB
·
August 13, 2019
တနင်္သာရီမြို့မှာ ရေဘေးကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ တပ်မတော်သားတဦး သြဂုတ် ၁၂ ရက်နေ့ နေ့လည်ပိုင်းက ရေစီးနဲ့မျောပါပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာမှာ အရှေ့ဘက်ကမ်းကနေ အနောက်ဘက်ကမ်း ကို သွားတဲ့လမ်းဟာ သကျက်ချောင်းရေ ကျော်နေတာကြောင့် တပ်ရင်းအမှတ် ၅၆၁ တပ်ရင်းက တပ်မတော်သားတွေက ခရီးသွားပြည်သူတွေကို တပ်မတော် စက်လှေတွေနဲ့ ကူညီကယ်ဆယ်နေရင်း မတော်တဆမှုဖြစ်ကာ စက်လှေတိမ်းမှောက်ခဲ့ပါတယ်။
အဲဒီလိုစက်လှေတိမ်းမှောက်ခဲ့လို့ စစ်သည် ၆ ဦးနဲ့ အရပ်သား ၃ ဦးကို ပြန်လည်ဆယ်ယူရရှိခဲ့ပြီး တပ်သား တဦးကတော့ ရေစီးနဲ့ မျောပါသွားခဲ့ပါတယ်။
စက်လှေတိမ်းမှောက်တဲ့နေရာနဲ့မီတာ ၅၀၀ အကွာမှာ အဆိုပါ တပ်မတော်သားအလောင်းကို ညနေပိုင်းမှာ ပြန်လည် ရရှိခဲ့တယ်လို့ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်က တိုင်းဦးစီး ဗိုလ်မှုးကြီး သန့်ဇင်ဦးက အတည်ပြုပြောပါတယ်။
အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့လို့ တနင်္သာရီတိုင်းထဲမှာ ရေကြီးရေလျှံပြီး လမ်းတွေပေါ်ရေကျော်နေတာကြောင့်တပ်မတော်သားတွေအပါအဝင် ဌာနဆိုင်ရာအဖွဲ့စည်းတွေက ကူညီကယ်ဆယ် ဆောင်ရွက်ပေးနေတာလည်းဖြစ်ပါတယ်။