Home
မြန်မာသတင်း
သူရဦးရွှေမန်းနှင့်မိသားစုဝင်များကို သက်သေအဖြစ်ခေါ်ပြီး တရားရင်ဆိုင်မည်ဟု ဦးရဲထွဋ်ပြော
ပြည့်ဘုန်းအောင်
·
August 9, 2019
သူရဦးရွှေမန်းနဲ့မိသားစုဝင်တွေကို သက်သေအဖြစ် ခေါ်ယူပြီး တရားရင်ဆိုင်သွားမယ်လို့ နိုင်လွတ်လုံ နိုင်လွတ်လုံ ပုဒ်မ ၁၀ နဲ့ တရားစွဲခံထားရတဲ့ ဝန်ကြီးဟောင်း ဦးရဲထွဋ်က ပြောပါတယ်။ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ပတ္တာနယ်မြေရဲခန်းမှာ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ နဲ့ ဦးဘိုဘိုကျော်ငြိမ်းတို့ သုံးဦးကို နိုင်လွတ်လုံ ပုဒ်မ ၁၀ နဲ့သူရဦးရွှေမန်းရဲ့ကားဒရိုင်ဘာက တရားဆိုထားတဲ့အပေါ် ဦးရဲထွဋ်က ပြန်လည်တုံ့ပြန်ပြောဆိုခဲ့တာပါ။ လက်ရှိမှာတော့ အမှုကိုရင်ဆိုင်ဖို့အတွက် ဦးရဲထွဋ်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ရှေ့နေ ဦးသိန်းညွန့်ကို ဥပဒေကြောင်းအရ ပါဝါလွဲထားပြီး တရားရင်ဆိုင်သွားမယ်လို့ဆိုပါတယ်။ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် “ဥပဒေကြောင်းအရတော့ ကျနော်က သင်္ဃန်းကျွန်း ဦးသိန်းညွန့်ကို ဥပဒေအကြံပေးအဖြစ်နဲ့ ကျနော် အကူအညီ တောင်းထားတာပေါ့။ အမှုနဲ့ ပတ်သက်တဲ့ အသေးစိတ်တွေကတော့ သူပဲ ပြောမှာပေါ့နော်။ ကျနော်ရဲ့ အခြေခံမူကတော့ ဒီလို တရားစွဲတဲ့အတွက် တရားရုံးမှာ ဖြေရှင်းဖို့ အသင့်ရှိတယ်။ ကျနော် တကယ်လို့ တရားရုံးမှာ ဖြေရှင်းရပြီဆိုရင်တော့ ဦးရွှေမန်းနဲ့ ဦးရွှေမန်းရဲ့ မိသားစုဝင်တွေကို တရားရုံးမှာ ကျနော်တို့ ဘက်ကနေ သက်သေအဖြစ်နဲ့ ခေါ်ပြီးတော့ ကျနော်ပြောတဲ့ အချက်တွေက ဒီအချက် ဒီအချက် တွေကြောင့်ပြောတယ်၊ ဒါတွေဟာ ဟုတ်လားမဟုတ်ဘူးလားဆိုတာ သူတို့ကို ပြန်မေးဖို့ ရှိတာပေါ့။ ဒါကတော့ ကျနော့်ရဲ့ စီစဉ်ထားတဲ့အချက်ပေါ့။ အသေးစိတ်ကတော့ ဦးသိန်းညွန့်ပဲ ဆောင်ရွက်မှာ ပါ” လို့ ပြောပါတယ်။ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေနဲ့  ဦးဘိုဘိုကျော်ငြိမ်းတို့ကို သူရဦးရွှေမန်းရဲ့ ယာဉ်မောင်းက နိုင်လွတ်လုံဥပဒေ ပုဒ်မ ၁၀ နဲ့ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ပတ္တာနယ်မြေရဲခန်းမှာ အမှုဖွင့်ထားတာပါ။ နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ ကို ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခံရသူဟာ အနည်းဆုံး ၆ လကနေ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ် ချမှတ်နိုင်ပြီး အနည်းဆုံး ကျပ် ၃ သိန်းကနေ အများဆုံး ကျပ် ၁၅ သိန်းအထိ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
Zawgyi Version သူရဦးေ႐ႊမန္းႏွင့္မိသားစုဝင္မ်ားကို သက္ေသအျဖစ္ေခၚၿပီး တရားရင္ဆိုင္မည္ဟု ဦးရဲထြဋ္ေျပာ ျပည့္ဘုန္းေအာင္ သူရဦးေ႐ႊမန္းနဲ႔မိသားစုဝင္ေတြကို သက္ေသအျဖစ္ ေခၚယူၿပီး တရားရင္ဆိုင္သြားမယ္လို႔ ႏိုင္လြတ္လုံ ႏိုင္လြတ္လုံ ပုဒ္မ ၁၀ နဲ႔ တရားစြဲခံထားရတဲ့ ဝန္ႀကီးေဟာင္း ဦးရဲထြဋ္က ေျပာပါတယ္။ ေနျပည္ေတာ္၊ ဥတၱရသီရိၿမိဳ႕နယ္ ပတၱာနယ္ေျမရဲခန္းမွာ ျပန္ၾကားေရးဝန္ႀကီးေဟာင္း ဦးရဲထြဋ္ ၊ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း ဦးလွေဆြ နဲ႔ ဦးဘိုဘိုေက်ာ္ၿငိမ္းတို႔ သုံးဦးကို ႏိုင္လြတ္လုံ ပုဒ္မ ၁၀ နဲ႔သူရဦးေ႐ႊမန္းရဲ႕ကားဒ႐ိုင္ဘာက တရားဆိုထားတဲ့အေပၚ ဦးရဲထြဋ္က ျပန္လည္တုံ႔ျပန္ေျပာဆိုခဲ့တာပါ။ လက္ရွိမွာေတာ့ အမႈကိုရင္ဆိုင္ဖို႔အတြက္ ဦးရဲထြဋ္အေနနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ေရွ႕ေန ဦးသိန္းၫြန႔္ကို ဥပေဒေၾကာင္းအရ ပါဝါလြဲထားၿပီး တရားရင္ဆိုင္သြားမယ္လို႔ဆိုပါတယ္။ ျပန္ၾကားေရးဝန္ႀကီးေဟာင္း ဦးရဲထြဋ္ “ဥပေဒေၾကာင္းအရေတာ့ က်ေနာ္က သဃၤန္းကြၽန္း ဦးသိန္းၫြန႔္ကို ဥပေဒအႀကံေပးအျဖစ္နဲ႔ က်ေနာ္ အကူအညီ ေတာင္းထားတာေပါ့။ အမႈနဲ႔ ပတ္သက္တဲ့ အေသးစိတ္ေတြကေတာ့ သူပဲ ေျပာမွာေပါ့ေနာ္။ က်ေနာ္ရဲ႕ အေျခခံမူကေတာ့ ဒီလို တရားစြဲတဲ့အတြက္ တရား႐ုံးမွာ ေျဖရွင္းဖို႔ အသင့္ရွိတယ္။ က်ေနာ္ တကယ္လို႔ တရား႐ုံးမွာ ေျဖရွင္းရၿပီဆိုရင္ေတာ့ ဦးေ႐ႊမန္းနဲ႔ ဦးေ႐ႊမန္းရဲ႕ မိသားစုဝင္ေတြကို တရား႐ုံးမွာ က်ေနာ္တို႔ ဘက္ကေန သက္ေသအျဖစ္နဲ႔ ေခၚၿပီးေတာ့ က်ေနာ္ေျပာတဲ့ အခ်က္ေတြက ဒီအခ်က္ ဒီအခ်က္ ေတြေၾကာင့္ေျပာတယ္၊ ဒါေတြဟာ ဟုတ္လားမဟုတ္ဘူးလားဆိုတာ သူတို႔ကို ျပန္ေမးဖို႔ ရွိတာေပါ့။ ဒါကေတာ့ က်ေနာ့္ရဲ႕ စီစဥ္ထားတဲ့အခ်က္ေပါ့။ အေသးစိတ္ကေတာ့ ဦးသိန္းၫြန႔္ပဲ ေဆာင္႐ြက္မွာ ပါ” လို႔ ေျပာပါတယ္။ ျပန္ၾကားေရးဝန္ႀကီးေဟာင္း ဦးရဲထြဋ္၊ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း ဦးလွေဆြနဲ႔  ဦးဘိုဘိုေက်ာ္ၿငိမ္းတို႔ကို သူရဦးေ႐ႊမန္းရဲ႕ ယာဥ္ေမာင္းက ႏိုင္လြတ္လုံဥပေဒ ပုဒ္မ ၁၀ နဲ႔ ေနျပည္ေတာ္၊ ပုဗၺသီရိၿမိဳ႕နယ္ရွိ ပတၱာနယ္ေျမရဲခန္းမွာ အမႈဖြင့္ထားတာပါ။ ႏိုင္ငံသားမ်ားရဲ႕ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈနဲ႔ ပုဂၢိဳလ္ဆိုင္ရာလုံၿခဳံမႈကို ကာကြယ္ေပးေရး ဥပေဒ ပုဒ္မ ၁၀ ကို ေဖာက္ဖ်က္က်ဴးလြန္ေၾကာင္းျပစ္မႈထင္ရွားစီရင္ခံရသူဟာ အနည္းဆုံး ၆ လကေန အမ်ားဆုံးသုံးႏွစ္အထိ ေထာင္ဒဏ္ ခ်မွတ္ႏိုင္ၿပီး အနည္းဆုံး က်ပ္ ၃ သိန္းကေန အမ်ားဆုံး က်ပ္ ၁၅ သိန္းအထိ ခ်မွတ္ႏိုင္တယ္လို႔ ျပ႒ာန္းထားပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024