သာသနာရေးဝန်ကြီးက ဒဏ်ကြေးအဖြစ် နိုင်ငံတော်အတိုင်ပင်ခံကို ညစာကျွေးမွေးခြင်းဖြစ်
DVB
·
August 3, 2019
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုဟာ ဒဏ်ကြေးအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ညစာစားပွဲနဲ့ တည့်ခင်းကျွေးမွေးတာဖြစ်တယ်လို့ နိုင်ငံတော် နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။
နှစ်စဉ် ဥပါသန္တိဘုရားမှာ ပြုလုပ်နေတဲ့ ဆရာတော်တွေ လူပုဂ္ဂိုလ်တွေကို ဘွဲ့တံဆိပ်တော်တွေ ဆက်ကပ်တဲ့ အခမ်းအနားပြီးတဲ့အခါ ဆွမ်းဆန်လောင်းတဲ့အချိန်ကို ပြောဆိုရာမှာ သူပြောထားတဲ့ အချိန်ထက် နောက်ကျတဲ့အတွက် ဒဏ်တပ်တဲ့အနေနဲ့ ထမင်းကျွေးရမယ် ညစာကျွေးရမယ်ဆိုပြီး ပြောဆိုခဲ့တာလို့ ဦးဇော်ဌေးက ပြောပါတယ်။
“နိုင်ငံတော်အတိုင်ပင်ခံက သူရဦးအောင်ကို ပြောတဲ့ အချိန်နဲ့ မကိုက်ဘူး ဝန်ကြီးကို ဖိုင်းတပ်ရ မယ်ဆိုပြီး ပြောတယ်။ ဖိုင်းတပ်တော့ ဝန်ကြီးက ဒဏ်ကြေးလာပေးပါတယ်။ အဲ့တော့ ဒဏ်ကြေးကို နိုင်ငံတော်အတိုင်ပင်ခံက မသုံးပဲနဲ့ သူပြောထားတဲ့ အချိန်ထက် နောက်ကျတဲ့ အတွက်လည်း သူ့ကို ဒဏ်တက်တဲ့အနေနဲ့ ထမင်းကျွေးရမယ် ညစာကျွေးရမယ်။”
အဲ့ဒီလို ကျွေးမွေးရာမှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည် တဦးထည်းတင် မဟုတ်ပဲ အတိုင်ပင်ခံရုံး၊ သမ္မတရုံး နဲ့ လုံခြုံရေး ဝန်ထမ်းပေါင်း ၈၀ ကျော်ကို ညစာစားပွဲ စီစဉ်ပေးလို့ သိရပါတယ်။
သြဂုတ်လ ၁ ရက်နေ့က သူရဦးအောင်ကို နေအိမ်မှာ ညစာစားပွဲနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်တွေမှာ အမျိုးမျိုးဝေဖန်မှုတွေနဲ့ ရေးသားဖော်ပြနေကြပေမယ့် သာသနာရေးရဲ့ လုပ်ငန်းဆောင်ရွက်နေမှုတွေအပေါ် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က တစုံတရာ ညွှန်ကြားထားမှု မရှိဘူးလို့ ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါသေးတယ်။