အမေရိကန် ထောက်လှမ်းရေး အကြီးအကဲ ဒန်ကုတ်စ် ရာထူးကနုတ်ထွက်ရန် စီစဉ်

ရုရှား၊ အီရန်နဲ့ မြောက်ကိုရီးယား အပါအဝင် နိုင်ငံတကာ ချဉ်းကပ်ပုံတွေကြောင့် အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်နဲ့ ပဋိပက္ခဖြစ်ခဲ့တဲ့ ထောက်လှမ်းရေးအကြီးအကဲ ဒန်ကုတ်စ်ဟာ မကြာခင် ရာထူးကနုတ်ထွက်ဖို့ စီစဉ်နေတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး ရိုက်တုသတင်းဌာနက ဇူလိုင် ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။ အမျိုးသား ထောက်လှမ်းရေးဌာန ညွှန်မှူးအဖြစ်ကနေ မကြာခင် နုတ်ထွက်ဖို့ စီစဉ်နေတယ်လို့ ကုတ်စ်က ထရမ့်ကို အရင်အပတ်က ပြောခဲ့တယ်လို့ ဒီအရေးကို တိုက်ရိုက်သိရှိသူက ရိုက်တာသတင်းဌာနကို ပြောခဲ့တာပါ။ နုတ်ထွက်မှုက ရက်ပိုင်းအတွင်း ဖြစ်နိုင်တယ်လို့ နယူးယောက်တိုင်းမ်စ် သတင်းဌာနက ဖော်ပြပါတယ်။ ဒီအရေးအတွက် မှတ်ချက်ပေးဖို့ တောင်းခံပေမယ့် ကုတ်စ်ရဲ့ရုံးက ချက်ချင်း မတုံ့ပြန်သေးပါဘူး။ ကုတ်စ်ရဲ့ ရာထူးနေရာမှာ ရီပတ်ဘလစ်ကင်ပါတီဝင် ဂျွန် ရတ်ကလစ်ဖ်ကို လျာထားဖို့ ထရမ့်က စဉ်းစားနေတယ်လို့ အမည်မဖော်တဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ပြောပါတယ်။ ရတ်ကလစ်ဖ်ဆီကလည်း ချက်ချင်း မှတ်ချက်မရသေးပါဘူး။ သူဟာ အောက်လွှတ်တော်ရဲ့ ထောက်လှမ်းရေးနဲ့ တရားစီရင်ရေးဆိုင်ရာ ကော်မတီဝင် ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားစွက်ဖက်မှု စွဲချက်ကို အထူးစစ်ဆေးရေးမှူး ရောဘတ်မူလာက စစ်မေးချိန်မှာ ရတ်ကလစ်ဖ်ဟာ ထရမ့်ကို ခိုင်ခိုင်မာမာ ကာကွယ်ပေးခဲ့ဖူးတယ်လို့ ရိုက်တာ သတင်းဌာနမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up