Home
မြန်မာသတင်း
ဝန်ထမ်းသက်သာအဖြစ် ငှားထားသည့် ဈေးဆိုင်ခန်း ၇ ခန်းကို စစ်တွေတာဝန်ရှိသူများ ဖယ်ရှား
DVB
·
July 29, 2019
67904665_837337353288940_1078794320447799296_n
67574631_837336479955694_291708500797554688_n
67365192_837337399955602_6548740294970441728_n
67279095_837337489955593_6533156285309779968_n
67265726_837337523288923_7782081003450793984_n
67182163_837336493289026_3920022827222171648_n
ရခိုင်ပြည်နယ်၊ စစ်တွေမြို့လမ်းကြီးရှိ ပြည်နယ်ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးရုံးရှေ့မှာ ဝန်ထမ်းသက်သာအဖြစ် ငှားရမ်းထားတဲ့ ဈေးဆိုင်ခန်း ၇ ခန်းကို သက်ဆိုင်ရာက ဖယ်ရှားလိုက်ပါတယ်။ ပြည်နယ်ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးရုံးရှေ့မှာရှိတဲ့ အဲဒီဆိုင်းခန်းတွေကို ဇူလိုင် ၂၈ ရက်နေ့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး တာဝန်ရှိသူတွေအပါအဝင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့တွေက ပူးပေါင်းဖယ်ရှားခဲ့ကြတာပါ။ လက်ရှိအချိန်မှာ လုံခြုံရေး လိုအပ်ချက်အရနဲ့ သက်သာဆိုင် ထားခွင့်မရှိတော့တဲ့အတွက် အခုလို ဖယ်ရှားရတာလို့ ပြည်နယ်ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ဆိုပါတယ်။ အခုလိုဖယ်ရှားရာမှာ အာဏာပိုင်တွေနဲ့ ဆိုင်ပိုင်ရှင်တွေကြား တင်းမာမှုတချို့ရှိခဲ့ပါတယ်။ ဆိုင်တွေကို ဖယ်ရှားမယ့်အကြောင်း ဇူလိုင်လ ၂၃ ရက်နေ့က အကြောင်းကြားစာ ‌ပေးခဲ့ပေမယ့် အဲဒီစာထဲမှာ ဘယ်သူက ဘာကြောင့် ဖယ်ခိုင်းတယ်ဆိုတာ မပါလာဘဲ အခုလို အာဏာသုံးပြီး ဖယ်ရှားတာဟာ နိုင်ငံတော်ရဲ့ ဥပဒေပျောက်ဆုံးနေတယ်လို့ ဖယ်ရှားခံရတဲ့ ဆိုင်ရှင်တွေက ပြောပါတယ်။ ဈေးဆိုင်ပိုင်ရှင်တွေကတော့ အဲ့ဒီဆိုင်ခန်းတွေကို ၂၀၁၀ ခုနှစ်က ကန်ထရိုက်စနစ်နဲ့ ဆောက်လုပ်ခွင့်ပေးခဲ့ပြီး ကိုယ်တိုင်ကုန်ကျခံ ဆောက်လုပ်ခဲ့ကြတာလို့ ဆိုပါတယ်။ ဒီ့အတွက် ဆိုင်ခန်းပိုင်ရှင်တွေဟာ ပြန်/ဆက်ရုံးချုပ်ကို ငွေကျပ် ၁၀ သိန်းပေးခဲ့ရပါတယ်။ ဒါ့အပြင် အဲ့ဒီအချိန်စလို့ လစဉ်ကြေး ၁ သောင်း ပုံမှန်သွင်းနေကြရတယ်လို့ ပြောဆိုပေမယ့် ၂၀၁၅ ခုနှစ်ကနေစတင်ပြီး ပြည်နယ် ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးရုံးက ငွေကြေးကောက်ခံခြင်း မရှိတော့ဘူးလို့ ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ကလည်း စစ်တွေမြို့ အမှတ် (၁) ရဲစခန်းပတ်လည်မှာ ငှားရမ်းဖွင့်လှစ်ထားတဲ့ ဆိုင်ခန်း ၇၀ ကျော်ကိုလည်း လုံခြုံရေးတိုးမြှင့်ဖို့အတွက်ဟုဆိုပြီး ရဲတပ်ဖွဲ့က ဖယ်ရှားခဲ့ပါသေးတယ်။  ၀ဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024