Homeမြန်မာသတင်း
ဟိုင်းကြီးကျွန်းအနီး ကုန်တင်သင်္ဘော တိမ်းမှောက်နစ်မြုပ်ပြီး သင်္ဘောသား ၁၀ ဦးပျောက်ဆုံးနေ
ဟိုင်းကြီးကျွန်းအနီး ကုန်တင်သင်္ဘော တိမ်းမှောက်နစ်မြုပ်ပြီး သင်္ဘောသား ၁၀ ဦးပျောက်ဆုံးနေ
သော်ဇင်မျိုး
·
July 26, 2019

ဧရာဝတီတိုင်းဒေသကြီး ပြင်စလူနဲ့ ဟိုင်းကြီးကျွန်းအနီးမှာ ကမ်းရိုးတန်းသွား ကုန်တင်သင်္ဘော တစီး တိမ်းမှောက်နစ်မြုပ်ပြီး သင်္ဘောသား ၁၀ ဦးပျောက်ဆုံးနေပါတယ်။
ရခိုင်ပြည်နယ် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းကို ရန်ကုန်မြို့ကနေ ဘိလပ်မြေအိတ် ၂၅၀၀၀ ခန့်တင်ယူပို့ဆောင်နေတဲ့ MV ထာဝရအားမာန်ကမ်းရိုတန်းသွား ကုန်တင်သင်္ဘောဟာ ဇူလိုင် ၂၅ ရက် ညနေ ၄ နာရီအချိန်က ပြင်စလူနဲ့ ဟိုင်းကြီးကျွန်းအနားပင်လယ်ပြင်မှာ မိုးသက်လေပြင်းမိပြီး လိုက်ပါလာတဲ့ သင်္ဘာသား ၁၉ ဦးနဲ့အတူ နစ်မြုပ်သွားတယ်လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ရုံးကသိရပါတယ်။
သင်္ဘောသား ၉ ဦးကတော့ သင်္ဘောမှာပါလာတဲ့ သက်ကယ်လှေနဲ့ လွတ်မြောက်ခဲ့ပြီး သင်္ဘောကပ္ပတိန်နဲ့ ပဲ့နင်းအပါအဝင် ၁၀ ဦးပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
ပျောက်ဆုံးနေသူတွေနဲ့ ပတ်သက်ပြီး ဟိုင်းကြီးကျွန်းပမ္မဝတီ ရေတပ်စခန်းက စစ်ရေယာဉ်တွေနဲ့ သွားရောက်ရှာဖွေကယ်ဆယ်နေပါတယ်။