တရုတ်သမ္မတ ရှီကျင့်ဖျင်နှ်င့် ယူအေအီး အိမ်ရှေ့မင်းသား တွေ့ဆုံ

တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ရောက်လာတဲ့ ယူအေအီး အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဇာယတ် အယ်လ်နာဟ်ယန်ဟာ ဇူလိုင် ၂၂ ရက်နေ့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ သဘောတူ လက်မှတ်ထိုးပွဲ အခမ်းအနား တက်ရောက်ခဲ့ပါတယ်။ တရုတ်နိုင်ငံကို သုံးရက်ကြာရောက်လာတဲ့ အိမ်ရှေ့မင်းသားကို သမ္မတ ရှီကျင့်ဖျင်က အခမ်းအနားနဲ့ ကြိုဆိုခဲ့ပြီးနောက် နှစ်နိုင်ငံဆွေးနွေးပွဲနဲ့ သဘောတူ လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပခဲ့ကြတာပါ။ အိမ်ရှေ့မင်းသားဟာ တရုတ်ဝန်ကြီးချုပ် လီခေါ့ချန်နဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။ ဒါဟာ ယူအေအီး အိမ်ရှေ့မင်းသားရဲ့ လေးကြိမ်မြောက် တရုတ်ခရီးစဉ် ဖြစ်တယ်လို့ ဆင်ဟွာ သတင်းဌာနက ဖော်ပြပါတယ်။ နှစ်နိုင်ငံကုန်သွယ်ရေး တိုးတက်ဖို့ မျှော်လင့်ချက်နဲ့ ရောက်လာတဲ့ အိမ်ရှေ့မင်းသားဟာ ရေနံ၊ နျူကလီးယားစွမ်းအင်၊ အမျိုးသားလုံခြုံရေးနဲ့ စိုက်ပျိုးရေး စတဲ့ကဏ္ဍတွေအတွက် တရုတ်အစိုးရနဲ့ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up