ဖေ့စ်ဘွတ်ခ်မှ ဒေတာခိုးယူမှု Cambridge Analytica အကြောင်း ရိုက်ကူးထားသည့်ရုပ်ရှင် – The Great Hack (နမူနာ)

ဖြစ်ရပ်မှန် Documentary အမျိုးအစား ရုပ်ရှင်ပရိသတ်တွေ ကြိုက်နှစ်သက်ကြမယ့် The Great Hack ရုပ်ရှင်ကို လာမယ့် ဇူလိုင် ၂၄ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ဒါရိုက်တာ Karim Amer နဲ့ Jehane Noujaim တို့က ရိုက်ကူး ပုံဖော်ပေးထားတာဖြစ်ပြီး Netflix ကနေ တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဖေ့စ်ဘွတ်ခ်ကနေ ဟိုးလေးတကျော် ဒေတာခိုးယူမှုဖြစ်ခဲ့တဲ့ Cambridge Analytica Data Scandal ကိစ္စကို အားလုံးသိခဲ့ကြပြီး ဖြစ်မှာပါ။ အဲဒီအဖြစ်အပျက်ကြောင့် ထိခိုက်မှုတွေ အကြီးအကျယ် ဖြစ်ခဲ့ရပြီး ဖေ့စ်ဘွတ်ခ်တည်ထောင်သူ မာ့ခ်ဇူကာဘာ့ဂ်ကို အမေရိကန် ဆီးနိတ်မှာ ခေါ်ယူစစ်ဆေးခဲ့ရတဲ့အထိ ဖြစ်ခဲ့တာပါ။ ဒီရုပ်ရှင်ကားကတော့ ဒီအဖြစ်အပျက်အပေါ် အခြေခံပြီး ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီကိစ္စဟာ ဘယ်ကနေ စဖြစ်တာလဲ။ ဖေ့စ်ဘွတ်ခ် အပါအဝင် အင်တာနက် လူမှုကွန်ရက်တွေပေါ်မှာ ကြုံတွေ့နေရတဲ့ Ads တွေက ဘယ်လိုဒေတာတွေ၊ အချက်အလက်တွေကို ဘယ်လိုကောက်ယူ အသုံးချနေသလဲ ဆိုတာကိုတော့ အများစုက မသိကြသေးပါဘူး။ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ဘယ်လောက်ထိ ခိုးယူခံရနိုင်မလဲ စတဲ့ အကြောင်းအရာတွေကို ဒီကားထဲမှာ ဘယ်လိုထည့်သွင်း ပုံဖော်ထားမလဲ ဆိုတာကိုတော့ မကြာခင် ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ အဓိကဇာတ်ကောင်တွေအဖြစ် Parsons School of Design က ပါမောက္ခ  David Carroll၊ Cambridge Analytica ရဲ့ ဝန်ထမ်းဟောင်းတယောက်ဖြစ်ခဲ့ပြီး Data ခိုးယူခဲ့မှုကို ချပြခဲ့တဲ့ Brittany Kaiser နဲ့ Cambridge Analytica Data Scandal ကိစ္စမှာ အရေးပါတဲ့ နေရာက ပါဝင်ခဲ့တဲ့ ဗြိတိန်အမျိုးသမီးဂျာနယ်လစ် Carole Cadwalladr စတဲ့ ဇာတ်ကောင်တွေနဲ့ ရိုက်ကူးထားတာပါ။ IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 7.3 အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းတကား ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၁၃ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကား နမူနာဟာ ယူကျုပေါ်မှာတော့ ၅ ရက်အတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၇ သိန်းကျော် ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up