အိန္ဒိယ၊ နီပေါနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် ရေကြီးမှုကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိ၊ ၄ သန်းကျော် နေရပ်စွန့်ခွာ

အိန္ဒိယ၊ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာ ရေကြီးမှုကြောင့် ဇူလိုင် ၁၅ ရက်နေ့အထိ   သေဆုံးသူ ၁၀၀ ကျော်နေပြီး လူပေါင်း ၄ သန်းကျော် နေရပ်စွန့်ခွာခဲ့ရပါတယ်။ အိန္ဒိယမှာဆိုရင် အာသံနဲ့ ဘီဟာပြည်နယ်တွေဟာ ရေကြီးမှုဒဏ် အဆိုးဆုံးခံရတဲ့အထဲ ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း ရေကြီးတာကြောင့် အာသံနယ်မှာ လူဦးရေ ၄ ဒသမ ၃ သန်း နေရပ်စွန့်ခဲ့ရတယ်လို့ အိန္ဒိယအစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဘီဟာပြည်နယ်မြောက်ပိုင်း ဒေသတွေဟာ နီပေါနိုင်ငံနဲ့ နယ်နိမိတ် ထိစပ်နေပြီး ရေကြီးတဲ့ အစဉ်အလာ ရှိပါတယ်။ လာမယ့်နှစ်ရက်အတွင်း အာသံနဲ့ ဘီဟာနယ်တွေမှာ မိုးပိုကြီးလိမ့်မယ်လို့ အိန္ဒိယ မိုးလေဝသဌာနက ကြိုတင်ခန့်မှန်းပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ရေကြီးမှုကြောင့် ခန့်မှန်း လူ ၁ သိန်း ၉ သောင်းဟာ နေအိမ်တွေကို စွန့်ခွာခဲ့ရတယ်လို့ အစိုးရ တာန်ရှိသူတွေက ပြောပါတယ်။ ဒုက္ခသည် ၇ သိန်းရှိတဲ့ ကော့ဘဇားခရိုင်မှာလည်း ရေကြီးမှုကြောင့် လူ ၁ သိန်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up