မန်စီးတီးကွင်းလယ်လူ ဖေဘီယန် ဒဲ့ဖ်ကို အဲဗာတန် ခေါ်ယူ

ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းဟာ မန်ချက်စတာစီးတီးအသင်း ကွင်းလယ်သမား ဖေဘီယန်ဒဲ့ဖ်ကို ၃ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ အသက် ၂၉ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ မန်စီးတီးအသင်းနဲ့ တနှစ်စာချုပ် သက်တမ်း ကျန်နေသေးပြီး အဲဗာတန်က ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းနဲ့ ခေါ်ယူလိုက်တာပါ။ အင်္ဂလန်ကစားသမား ဒဲ့ဖ်ဟာ ၂၀၁၇-၂၀၁၈ ရာသီမှာ မန်စီးတီးအတွက် ၂၂ ပွဲ ကစားခွင့်ရပေမယ့် နည်းပြ ဂွါဒီယိုလာ လက်ထက်မှာတော့ ပွဲထွက်ကစားခွင့် ဆုံးရှုံးလာပါတယ်။ ကစားသမား ကိုယ်တိုင်ကလည်း ပုံမှန်ကစားခွင့်ရတဲ့အသင်းမှာ ကစားချင်ကြောင်းနဲ့ အဲဗာတန်က အကောင်းဆုံး အခွင့်အရေး ဖြစ်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up