ကြက်ခြေနီအသင်းနည်းဥပဒေ မူကြမ်းရှင်းလင်း
သူဇာလင်း
·
July 5, 2019

မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ ဥပဒေပြင်ဆင်ချက် နည်းဥပဒေ(မူကြမ်း)နဲ့ ကြက်ခြေနီလှုပ်ရှားမှုတွေအကြောင်း ရှင်းလင်းပွဲကို ဇူလိုင် ၅ ရက်က ရန်ကုန်မြို့ Central Hotel မှာ ကျင်းပပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥပဒေပုဒ်မ ၄၀၊ ပုဒ်မခွဲ (က)အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေကို ကျင့်သုံးပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ နည်းဥပဒေကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဥပဒေပါအချက်တွေအရ မြန်မာနိုင်ငံတွင်းမှာ အကူအညီလိုအပ်နေတဲ့ မည်သည့်နေရာမဆို၊ မည်သည့်နေရာကိုမဆို အချိန်မရွေးသွားရောက်ကူညီဖို့ ပါရှိပါတယ်။
ဒါ့အပြင် ၁၉၅၉ ခုနှစ်ကတည်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ အက်ဥပဒေကို စတင်ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။
မြန်မာတနိုင်ငံလုံးမှာတော့ ကြက်ခြေနေနီအသင်းဝင်ပေါင်း ၂ သိန်း ရှိပြီး ဝန်ထမ်းကတော့ အယောက် ၆၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စေတနာလုပ်အားရှင်တွေကတော့ အယောက် ၄၀၀၀ ကျော်က ကြက်ခြေနီအသင်းဝင်တွေနဲ့ ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ်ဒုက္ခတွေ ကြုံတွေ့ချိန်တွေနဲ့ စစ်ပွဲပဋိပက္ခကြောင့် စစ်ရှောင်စခန်းတွေကို အကူအညီပေးလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။