တရုတ်တွင် အားပြင်းလေဆင်နှာမောင်းကြောင့် ၆ ဦးသေ၊ ၁၉ဝ ကျော် ဒဏ်ရာရ

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ်မှာ ဇူလိုင် ၃ ရက်က အားပြင်းတဲ့ လေဆင်နှာမောင်းတခု ဝင်ရောက်မွှေနှောက်ခဲ့တာကြောင့် လူ ၆ ယောက်သေဆုံးပြီး အယောက် ၁၉၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ CCTV ရုပ်သံသတင်းဌာနက ပြောပါတယ်။ ဇူလိုင် ၃ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ လေဆင်နှာမောင်းကြောင့် နေအိမ် ၃၆၀၀ ကျော် ပျက်စီးခဲ့တဲ့အပြင် ထိုက်ယွမ်မြို့က ဒေသခံ ၉,၉၀၀ ကျော်ဟာလည်း ရာသီဥတု ဆိုးရွားမှုဒဏ် ခံစားခဲ့ရတယ်လို့ CCTV  သတင်းဌာနက အစီရင်ခံပါတယ်။ ထိုက်ယွမ်မြို့က စီးပွားရေးဇုန်တခုမှာ ဒါဇင်နဲ့ချီတဲ့ အဆောက်အအုံတွေ ပျက်စီးနေတဲ့ ရုပ်သံဖိုင်ကို CCTV  သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ရာသီဥတုဆိုးရွားတဲ့ အဖြစ်အပျက်တွေ ဆက်တိုက်ဖြစ်နေပြီး ဒါဟာ ရာသီဥတုပြောင်းလဲမှုနဲ့ ဆက်စပ်နေတယ်လို့ အစိုးရ မိုးလေဝသပညာရှင်တွေက ပြောကြပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးကို အမြင့်ဆုံး ရည်မှန်းချက်အထိ လုပ်ဆောင်သွားဖို့ ကတိပြုခဲ့တယ်လို့ ဇွန် ၂၉ ရက်က ထုတ်ပြန်တဲ့ ပြင်သစ်နဲ့ ကုလသမဂ္ဂ ပူးတွဲအစီရင်ခံစာက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up