Home
မြန်မာသတင်း
တရားမဝင်​ အုတ်​ဖုတ်​လုပ်​ငန်းများ ရပ်​ဆိုင်း​ပေးရန်​ ​​​မြင်းခြံတွင် ဆန္ဒ​ပြ
DVB
·
June 30, 2019
65306197_1580307665439548_3569155240731082752_n
66005046_1580307482106233_2792119580128968704_n
65487118_1580307455439569_476680819407060992_n
မန္တ​လေးတိုင်း​ဒေသကြီး မြင်းခြံမြို့နယ်​ ဆားခါး​ကျေးရွာအနီးမှာ​ တရားမဝင်​ လုပ်​ကိုင်​​နေတဲ့ အုတ်​ဖုတ်​လုပ်​ငန်းတွေ အပြီးရပ်​ဆိုင်း​ပေးဖို့ ​ဒေသခံ ၁၅၀ လောက် ဒီနေ့​ ဆန္ဒပြ​တောင်းဆိုခဲ့ကြပါတယ်​။ ဆန္ဒပြရာမှာ ဦး​ဆောင်​သူဖြစ်​တဲ့ ဦး​မောင်​ဆန်းက "ကျ​နော်​တို့ ဆားခါး​ကျေးရွာ ကွင်းအမှတ်​ (၂၈၉)အတွင်းမှာ တရားမဝင်​ အုတ်​ဖုတ်​လုပ်​ငန်း လုပ်​ကိုင်​​နေကြတာ ၈ နှစ်​​ကျော်​ရှိပါပြီ၊ ခုဆိုရင်​ ​ဒေသခံ​တွေဟာ ဆိုးကျိုးများ ခံစား​နေရပါတယ်​။ ​ကျေးရွာရဲ့ အဓိကအားထား​နေရတဲ့ ​သောက်​သုံး​ရေဟာ မြနန္ဒာဆည်​မှ ရွာ​ရေကန်​သို့ ​ရေလွှတ်​​ပေးတဲ့ ​ရေ​မြောင်းဟာ အခုဆို ပိတ်​ဆို့​နေပြီး ​ရေ​မြောင်းအတွင်းမှာလည်း အုတ်​ကျင်းက လူအများရဲ့ မစင်​​တွေ၊ အမှိုက်​​ပေါင်းစုံ​တွေ စွန့်​ပစ်​ထားတာ​ကြောင့် ​​ကျေးရွာ​ဒေသခံ​တွေဟာ ​သောက်​သုံး​ရေ အတွက်​ အခက်​အခဲကြုံ​နေကြရပါတယ်​။ ​နောက်​ပြီး အုတ်​ဖုတ်​သည့်​အခါ ယမ်းစိမ်းများအသုံးပြု တာ​ကြောင့် ယမ်း​ညော်​နံ့များ ​နေ့စဉ်​ခံစား​နေရတယ်​” လို့ ပြောပါတယ်။ ဒါ့အပြင် ဆားခါးကွင်း အမှတ်​ (၂၈၉) ကွင်းက မြေကွက်​​တွေကို ဘတ်​ဟိုးစက်​ကြီး​တွေနဲ့ ကုတ်​ယူတာ​ကြောင့် ​ရေကန်​သဖွယ်​ဖြစ်​​နေပြီး ​မြေကွက်​​တွေဟာလည်း စိုက်​ပျိုးမရတာ ၃ နှစ်​အထိ ရှိလာပြီဖြစ်​တဲ့အတွက်​ ရွာသူ /ရွာသား​တွေဟာ ဆိုးကျိုးကို ခံစား​နေရတယ်​လို့ ဆိုပါတယ်။ ဆားခါး​​ကျေးရွာမှာ​ အိမ်​​ခြေ ၄၀၀ ခန့်​ရှိပြီး လူဦး​ရေ ၁၇၀၀ ခန့်​​နေထိုင်​ကြတာတယ်လို့ သိရပါတယ်။ ဆားခါးကျေးရွာမှာ ​တရားမဝင်​ အုတ်​ဖုတ်​လုပ်​ငန်း လုပ်​ကိုင်​​နေသူ ၃၀ ဦးလောက်ရှိပြိး အပြီးအပိုင်​ ရပ်​ဆိုင်း​ပေးဖို့ကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်​ကလည်း ​ဒေသခံတွေက မြို့နယ်​ရှိ ဌာနဆိုင်​ရာအသီးသီးကို တားမြစ်​​ပေးဖို့​ တိုင်​ကြားခဲ့ပေမယ့် ထူးခြားမှုမရှိဘဲ ဆက်​လက်​ လုပ်​ကိုင်​​နေကြတယ်လို့ ဆားခါး​ကျေးရွာ အုပ်​ချုပ်​​ရေးမှူး ဦး​မောင်​မြင့်က ပြောပါတယ်။ “ခုဆိုရင်​ စိုက်​ပျိုးတဲ့​တောင်​သူ​တွေ ​မြေယာ​တွေဆုံးရှုံးတယ်​၊ သဘာဝပတ်​ဝန်းကျင်​​တွေ ထိခိုက်​ပျက်​စီးတယ်​၊ သစ်​ပင်​ကြီး​တွေ ထန်းပင်​​တွေ ​ခုတ်​လှဲပြီး ထင်းအဖြစ်​သုံးစွဲသလို၊ အုတ်​ဖိုရဲ့အပူဒဏ်​​ကြောင့် စိုက်​ပျိုးကြတဲ့ သီးနှံ​တွေမဖြစ်​ထွန်းဘူး။ ​ရေရှည်​မှာ ဒီ အုတ်​ဖို​တွေ ဆက်​ရှိ​နေရင်​ ဘာသစ်​ပင်​မှ မရှင်​သန်​နိုင်​​သလို စပါးနဲ့အတူ အခြားသီးနှံ​တွေပါ ထွန်​ယက်​စိုက်​ပျိုးဖို့ အခက်​အခဲ​တွေ အများကြီး ရှိလာေ​နတယ်​။” ဆားခါး​ကျေးရွာ ​ဒေသခံ ၁၅၀ လောက်ဟာ ဆားခါး​ကျေးရွာ နယ်​​မြေအတွင်းရှိ တရားမဝင်​​လောင်​စာများ အသုံးပြု​နေ​သောအုတ်​ဖိုများ အ​ရေးယူ​ပေး​ရေး၊ စပါးစိုက်​ပျိုး​မြေများ ပျက်​စီး​နေ​သော အုတ်​ဖိုများအ​ရေးယူ​ပေး​ရေး၊ သဘာဝပတ်​ဝန်းကျင်​ ပျက်​စီး​စေ​သော အုတ်​ဖိုများ အမြန်​ဆုံး ဖျက်​သိမ်း​ပေး​ရေး၊ မြနန္ဒာဆည်​​ရေ​မြောင်း မပျက်​စီး​ရေး စတဲ့ စစာတန်းပါဗီနိုင်းတွေ ကိုင်​​ဆောင်​ပြီး မြို့တွင်းလှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ သတင်း၊ ဓာတ်​ပုံ - ရီရီထွန်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024