ဂျူဗင်တပ်နောက်ခံလူ ကန်ဆယ်လိုကို ခေါ်ယူနိုင်ရန် မန်စီးတီး နီးစပ်

ဓာတ်ပုံ - Goal.com
မန်စီးတီးအသင်းဟာ ဂျူဗင်တပ်အသင်းရဲ့ ပေါ်တူဂီလက်ရွေးစင် နောက်ခံလူ ကန်ဆယ်လိုကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ မန်စီးတီးအသင်း တာဝန်ရှိသူတွေဟာ ညာနောက်ခံလူ ကန်ဆယ်လိုကို ခေါ်ယူဖို့အတွက် ဂျူဗင်တပ်အသင်း ဒါရိုက်တာ ပါရာတီစီနဲ့ လန်ဒန်မြို့မှာ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ အသက် ၂၅ နှစ်ရှိ ကန်ဆယ်လိုကို မန်စီးတီးအသင်းက ပေါင် ၄၄ သန်းနဲ့ ခေါ်ယူနိုင်ဖို့ ဆွေးနွေးခဲ့ပြီး တနှစ်လုပ်ခ ပေါင် ၄ ဒသမ ၄ သန်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုဖို့ ပြင်ဆင်ထားပါတယ်။ မန်စီးတီးအသင်းမှာ အဓိကနောက်ခံလူ ကိုင်လီဝေါ်ကာက အသက် ၂၉ နှစ် ရှိပြီဖြစ်လို့ သူ့ရဲ့နေရာမှာ အရန်သင့် အစားထိုးနိုင်ဖို့အတွက် ကန်ဆယ်လိုကို ခေါ်ယူဖို့ ဆွေးနွေးခဲ့တာပါ။ မန်စီးတီးအသင်းဟာ အက်သလက်တီကိုအသင်းက စပိန်လက်ရွေးစင် ကွင်းလယ်လူ ရိုဒရီကိုလည်း ပေါင် ၆၃ သန်းခန့်နဲ့ ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up