Home
မြန်မာသတင်း
တီးတိန်မြို့အနီး ချောက်ထဲ ကားတစီးထိုးကျ၊ ဘုန်းကြီး ၁ ပါးနှင့် လူ ၃ ဦး သေဆုံး
DVB
·
May 21, 2019
ရန်ကုန်မြို့ကနေ ချင်းပြည်နယ်ရှိ ရိဒ်ရေကန်ကို ခရီးထွက်လာတဲ့ ယာဉ်တစီးဟာ တီးတိန်မြို့အနီး ချောက်ထဲကို ထိုးကျပြီး ဘုန်းကြီးတပါး အပါအဝင် ကားပေါ် လိုက်ပါလာသူအားလုံး သေဆုံးသွားသလို ကားလည်း ရစရာမရှိအောင် ပျက်စီးသွားပါတယ်။ မေလ ၂၀ ရက် မနက် ၅ နာရီလောက်က တီးတိန်မြို့အကျော် မန်ဆောင်တံတားနားက ပေ ၄၀၀ လောက်နက်တဲ့ တောင်ပေါ်လမ်းဘေး ချောက်ထဲ ထိုးကျခဲ့တာလို့ တီးတိန်မြို့ ယာဉ်ထိန်းတပ်ဖွဲ့ခေါင်းဆောင် ဒုရဲအုပ် လန်အင်းခွာက ပြောပါတယ်။ အဲဒီကားပေါ်မှာ ဘုန်းကြီးတပါး၊ ယာဉ်မောင်းနဲ့ တခြား အမျိုးသားတယောက်၊ အမျိုးသမီးတယောက်တို့ လိုက်ပါလာတာပါ။ သေဆုံးသူ ရုပ်အလောင်းတွေကို ညနေ ၃ နာရီအထိ ဆွဲတင်ရာမှာ အလောင်း ၃ လောင်းရထားပြီး တီးတိန်ဆေးရုံကို ပို့ဆောင်ထားတယ်လို့လည်း ဒုရဲအုပ် လန်အင်းခွာက ပြောပါတယ်။ ယာဉ်မတော်တဆမှုမှာ သေဆုံးသူ ၃ ယောက်ကို အဲဒီဒေသမှာပဲ သင်္ဂြိုဟ်ဖို့ အသိမိတ်ဆွေတွေက လာရောက်စီစဉ်နေကြပြီး ဆရာတော်ကိုတော့ ရန်ကုန်ကို ပြန်သယ်ဖို့ ဆောင်ရွက်နေပါတယ်။ ကားဘရိတ်ပေါက်လို့ ချောက်ထဲထိုးကျတာလို့ ယူဆရပြီး မန်ဆောင်အတက် နေရာဟာ အကွေ့ကြီးတဲ့နေရာဖြစ်လို့ အနည်းဆုံး တနှစ်တကြိမ် ယာဉ်မတော်တဆ ဖြစ်လေ့ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ပျံတော်မူသွားတဲ့ ဆရာတော်ကတော့ ဝေါမြို့နယ် ရတနာမဉ္စူကျောင်းတိုက်က အရှင်ဇေယျာနန္ဒဖြစ်ပြီး ယာဉ်မောင်း ဦးခင်မောင်မြင့်နဲ့အတူ လိုက်ပါစီးနင်းသူ ဦးစံလှနဲ့ ဒေါ်ခင်သန်းဌေးတို့ ဖြစ်ပါတယ်။ သတင်း - မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024