ရည်မှန်းချက် ပုံစံမတူပါက စပါးမှ ထွက်မည်ဟု နည်းပြ ပိုချက်တီနို ပြော

ရည်မှန်းချက်ပုံစံမတူညီရင်တော့ အသင်းကနေ ထွက်ခွာသွားမယ်လို့ စပါးအသင်းနည်းပြ ပိုချက်တီနိုက အင်တာဗျူးတခုမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ပိုချက်တီနိုဟာ လက်တလောမှာတော့ အသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲထိ ရောက်ရှိအောင် အကောင်းဆုံးပုံစံနဲ့ ဦးဆောင်ထားနိုင်ပြီး နှစ်စဉ်နှစ်တိုင်းလည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်နိုင်ဖို့ မျှော်လင့်နေပါတယ်။ မကြာခင်မှာ စပါးအသင်းဥက္ကဋ္ဌ ဒန်နီရယ်လီဗီနဲ့ ဆွေးနွေးသွားဖို့ရှိပြီး ရည်မှန်းချက်ခြင်း မတူညီရင် အသင်းကနေ ထွက်ခွာသွားမယ်လို့ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ ပိုချက်တီနိုဟာ စပါးအသင်းကို ၅ နှစ်စီမံကိန်းနဲ့အတူ တည်ဆောက်ခဲ့ပြီး ထိပ်သီး ၄ သင်းစာရင်းဝင်အောင် စွမ်းဆောင်ထားနိုင်သလို လာမယ့်ဇွန် ၁ ရက်နေ့မှာတော့ ပရီးမီးယားလိဂ်ပြိုင်ဘက် လီဗာပူးအသင်းနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကစားရမှာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up