Home
မြန်မာသတင်း
ဗိုလ်ချုပ်အထ္ထုပ္ပတ္တိ စာအုပ်ကို သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် တည်းဖြတ်ပြီးစီး  
အောင်ကိုကိုလတ် (နေပြည်တော်)
·
May 2, 2019
57451000_821748428199782_9100382568842264576_o
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အထ္ထုပ္ပတ္တိ စာအုပ်ထုတ်ဝေနိုင်ဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို တင်ပြခဲ့ပြီး အတိုင်ပင်ခံ ကိုယ်တိုင်ကလည်း တည်းဖြတ်ပေးပြီးဖြစ်တာကြောင့်  မကြာခင်ထုတ်ဝေတော့မယ်လို့ သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။ မေလ ၂ ရက်က နေပြည်တော်မှာရှိတဲ့ အမျိုးသားပြတိုက်မှာ ကျင်းပတဲ့ ရှေးဟောင်း မြန်မာလက်ဝတ်ရတနာ အထူးပြပွဲ ဖွင့်ပွဲအခမ်းအနားမှာ သူရဦးအောင်ကိုက ပြောသွားတာပါ။ ဒါ့အပြင် မြန်မာ့သမိုင်းအဖွဲ့ကိုလည်း ပညာရှင်တွေနဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်း သွားမယ်လို့ သူရဦးအောင်ကိုက ပြောပါတယ်။ “နှစ်ပေါင်းထောင်ချီကာလကတည်းက ဂုဏ်သိက္ခာ မြင့်မားထည်ဝါခဲ့တဲ့ မြန်မာ့သမိုင်းကြောင်းကို ပြန်လည်ဖော်ထုတ်နိုင်ဖို့အတွက် မြန်မာ့သမိုင်းအဖွဲ့ကိုလည်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းထားပြီး ရှေ့မီ၊ နောက်မီ သမိုင်း ပညာရှင် ဆရာကြီး၊ ဆရာမကြီးတွေကိုလည်း လုံလောက်တဲ့ ထောက်ပံ့ကြေးပေးပြီးတော့ သမိုင်းအစစ်အမှန်ရရှိဖို့ အတွက် ခေတ်ကာလအလိုက် တာဝန်ခွဲပြီးတော့မှ သမိုင်း အစစ်အမှန်ကို ပြန်လည်ရေးသားတဲ့ လုပ်ငန်းကိုလည်း တစ်ဖက်က လုပ်ဆောင်နေတယ်” ဗိုလ်ချုပ်အောင်ဆန်း အထ္ထုပ္ပတ္ထိ သမိုင်းစာအုပ်အပြင် ရုပ်ရှင်ကိုလည်း ကျပ်ငွေ ၁ဘီလီယံခွဲ အကုန်အကျခံ ရိုက်ကူးနေပြီး ၂၀၂၀ ပြည့်နှစ်မှာ ရုံတင်ပြသနိုင်ဖို့ ကြိုးပမ်းနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024