ရဟတ်ယာဉ်စက်ရုံဆောက်ရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ တင်ပြ

ရဟတ်ယာဉ် ထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ဖို့ ကုမ္ပဏီတခုက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီ တင်ပြတယ်လို့ တိုင်းအစိုးရသတင်းမှာ ဖော်ပြပါတယ်။ ဧပြီ ၂၅ ရက်က ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို  Eco World Developer Co., Ltd က တာဝန်ရှိသူတွေ လာရောက်တွေ့ဆုံပြီး ရဟတ်ယာဉ် ထုတ်လုပ်ရေး စက်ရုံလုပ်ငန်း လုပ်ကိုင်ဖို့  တင်ပြခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ တွေ့ဆုံပွဲကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးမျိုးအောင်ဌေး နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up