Home
မြန်မာသတင်း
နိုင်ငံတကာရုပ်ရှင်ကားများ လာရောက်ရိုက်ကူးလျှင် ကျပ် ၁ သိန်းလျော့ချ ကောက်ခံမည်
DVB
·
April 24, 2019
52819958_853243688354586_8852751049660825600_n-622x467
မြန်မာနိုင်ငံမှာ နိုင်ငံတကာက ရုပ်ရှင်ကားတွေ လာရောက်ရိုက်ကူးမယ်ဆိုရင် ၂၀၁၉ ဧပြီ ၁ ရက်ကစပြီး ဒေသတခုကို ငွေကျပ် ၁ သိန်းနှုန်း လျော့ချကောက်ခံသွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က ပြောပါတယ်။ အရင်က ဒေသတစ်ခုကို သွားရောက်ရိုက်ကူးမယ်ဆိုရင် ကျပ်  ၅ သိန်းပေးဆောင်ရတာ ဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့ အလှအပတွေကို နိုင်ငံတကာက စိတ်ဝင်စားပြီး လာရောက်ရိုက်ကူးနိုင်ဖို့ ရည်ရွယ်ကာ အခုလို လျှော့ချတာလို့ ဆိုပါတယ်။ လက်ရှိအချိန်မှာလည်း မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာနဲ့ ပူးပေါင်းပြီး ရုပ်ရှင်ရိုက်ကူးနေတာတွေလည်း ရှိသလို ပြည်ပရုပ်ရှင်ကုမ္ပဏီတွေကလည်း လာရောက်ရိုက်ခဲ့ တာတွေလည်း ရှိပါတယ်။ လတ်တလော မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ ပူးပေါင်းပြီး ပုဂံရတနာသိုက်ဆိုတဲ့ရုပ်ရှင်ကို အမေရိကန်ဒေါ်လာ တသန်းခွဲ အကုန်အကျခံရိုက်ကူးမှာဖြစ်ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာလထဲမှာ ပြသဖို့ စီစဉ်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024