Home
မြန်မာသတင်း
နောင်ချိုမြို့နယ်တွင် ဘိန်းဖြူနှင့်စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
March 24, 2019
55576294_3030903846935209_6180120912860282880_n
ရှမ်းပြည်နယ် နောင်ချိုမြို့အဝင်၊ အိုရီယမ်တယ်တိုးဂိတ်အနီးမှာ ခရီးသည်တင်ယာဉ်ပေါ်ကနေ ဘိန်းဖြူနဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးမိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ မတ် ၂၃ ရက် ၀၁း ၄၅ အချိန်က မူးယစ်တပ်ဖွဲစု ၂၄ လားရှိုးမှ တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာက ခရီးသည် လောက်ဝိန်းရဲ့ ဆာလာအိတ်အတွင်းကနေ ဆပ်ပြာခွက် ၄၄ ခွက်နဲ့ ထည့်ထားတဲ့ ဘိန်းဖြူ ၄၈၄ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၄,၆၀၀ ပြားနဲ့ လက်ကိုင်ဖုန်း ၂ လုံး တို့ကို သိမ်းဆည်းရမိခဲ့တာပါ။ လောက်ဝိန်း (၄၁) နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024